Connect with us

Hi, what are you looking for?

News

ကျဆုံးသွားတဲ့ ဗျူဟာမှုးနေရာကို ဗိုလ်မှူးကြီးစောမော်ဒဲကို တာဝန်ပေး

ဗျူဟာမှူးအသစ်ဖြစ်သူ ဗိုလ်မှူးကြီးစောမော်ဒဲဟာ KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲရဲ့ ယုံကြည်အားထားရသူဖြစ်ပြီး အရင်က ကာကွယ်ရေးတပ်ရင်းမှူးတာဝန်ယူခဲ့ဖူးသလို ထောက်လှမ်းရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတယ်လို့ Salween Press မှာ ဖော်ပြထားပါသေးတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ ရဲ့ ဗျူဟာမှူးအသစ်အဖြစ် ကာကွယ်ရေးတပ်ရင်းမှူးနဲ့ ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ဖူးခဲ့တဲ့ ဗိုလ်မှူးကြီးစောမော်ဒဲကို တာဝန်ပေးခန့်အပ်လိုက်ပါတယ်။

မကြာသေးခင်က ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ကျောက်ညှက်စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ တပ်မဟာ ၅ ဗျူဟာမှူးစောထူးကရှောနေရာမှာ ဗိုလ်မှူးကြီးစောမော်ဒဲကို တာဝန်ပေးခန့်အပ်တာဖြစ်ပြီး ဗျူဟာမှူးသစ်ဟာ ဖာပွန်ဇာတိသားဖြစ်တယ်လို့ တပ်မဟာ ၅ သတင်းရင်းမြစ်ကပြောကြားကြောင်း Salween Press မှာ ရေးသားဖော်ပြထားပါတယ်။

ဗျူဟာမှူးအသစ်ဖြစ်သူ ဗိုလ်မှူးကြီးစောမော်ဒဲဟာ KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲရဲ့ ယုံကြည်အားထားရသူဖြစ်ပြီး အရင်က ကာကွယ်ရေးတပ်ရင်းမှူးတာဝန်ယူခဲ့ဖူးသလို ထောက်လှမ်းရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတယ်လို့ Salween Press မှာ ဖော်ပြထားပါသေးတယ်။

ဗိုလ်မှူးကြီးစောမော်ဒဲကို ဗျူဟာမှူးအဖြစ် တာဝန်ယူတာ ဟုတ်မှန်ကြောင်းနဲ့ ဗျူဟာမှူးအသစ်ဟာ စစ်ရေးအတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်တယ်လို့လည်း တပ်မဟာ ၅ နဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ကောင်းပါတယ်(စစ်ရေးတိုက်ခိုက်ရေး)၊ တဆင့်တဆင့်တက်လာတာ” လို့ တပ်မဟာ ၅ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ကေအဲန်ယူ-မူတြော်ခရိုင် သံလွင်မြစ်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့အခိုင်အမာစခန်းတစ်ခုဖြစ်တဲ့ ကျောက်ညှက်စခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ ၅ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးသွားခဲ့တာဖြစ်ပြီး အဲ့ဒီစခန်းကိုလည်း သိမ်းပိုက်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

မူတြော်ခရိုင်အတွင်းမှာ ဧပြီလ တလတာအတွင်း KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF) တပ်တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၄၀၀ နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၇၀ ကျော်သေဆုံးခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ တပ်ရင်းမှူးနဲ့ ဒုရင်းမှူးအဆင့်ရှိသူတွေ ပါဝင်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။