Connect with us

Hi, what are you looking for?

News

ဟားခါး – ဖလမ်းကြား တိုက်ပွဲ စစ်ကောင်စီတပ်ယာဉ်တန်းမှ ၁၄ဦးခန့်သေဟု CNO ထုတ်ပြန်

CNDFသည် ဖလမ်းမြို့နယ်နှင့် ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

(ဖလမ်း-ဟားခါးလမ်းတွင် ၂၀၂၁ ခုနှစ်တွင်စစ်​ကောင်စီယာဥ်တန်းနှင့်အတူ​တွေ့ရ​သော တင့်ကားတစ်စီး)

ချင်းပြည်နယ် ဟားခါးမြို့မှ ဖလမ်းမြို့သို့ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မေလ ၄ရက် နှင့် မေလ ၆ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၄ဦး ခန့်သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)က သတင်းထုတ်ပြန်သည်။

သံချပ်ကာယာဉ် ၂စီး အပါအဝင် ယာဉ်စီးရေ ၂၀ကျော်၊ အင်အား ၁၇၀ ခန့်ပါသည့် စစ်ကောင်စီယာဉ်တန်းကို မေလ ၄ရက်တွင် ဖလမ်းမြို့နယ် ဒေါက်ထက်ရွာအနီးတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပါဝင်သည့် ကာကွယ်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာစစ်ကောင်စီတပ်မှ ၆ဦးခန့်သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

အလားတူ မေလ ၆ရက်နေ့တွင်လည်း တားလ်ကျေးရွာအကျော၌ CNDFမှ ထပ်မံ၍ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း CNOက ထုတ်ပြန်သည်။

Public Service Announcement

အဆိုပါတိုက်ခိုက်မှုများတွင် CNDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း မေလ ၇ရက်တွင် မိုင်းရှင်းလင်းစဉ် CNDF ရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်၍ ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်ကလည်း မေလ ၃ရက် ညနေပိုင်းကတည်းက ခြုံခိုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ မေလ ၄ရက်နေ့ မနက်ပိုင်းက တလန်ဇာရ်ရွာအနီး တိုက်ပွဲမှာ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ဦး သေဆုံးခဲ့ပြီး CNA နှင့် CDF ရဲဘော် ၉ဦးလည်း ကျဆုံးခဲ့ကြောင်း ချင်းဒေသခံတစ်ဦးက ပြောကြားထားသည်။

CNDFသည် ဖလမ်းမြို့နယ်နှင့် ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။