Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲများဖြစ်ပွား​နေ၍ လမ်းပိုင်းအချို့ကို PDFများပိတ်ထား

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းပိုင်းအချို့အား ပိတ်ထားကြောင်း ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

(မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် PDF အဖွဲ့တစ်ဖွဲ့က လမ်းပိတ်ထားစဥ်)

မြင်းမူ

မုံရွာ – မြင်းမူ – မန္တလေးလမ်းပိုင်း၊ ထီးဆောင်း-အရာတော် လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိလမ်းပိုင်းများ၊ မြို့နယ်ချင်းဆက် လမ်းပိုင်းများအား ယနေ့ မေလ ၉ ရက်နေ့မှစ၍
အသုံးပြုခြင်း မပြုကြရန် Myin Mu Defence Forceက အသိပေးကြေညာသည်။

Public Service Announcement

ခင်ဦး

ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-မုံလှ ကွန်ကရစ်လမ်းပိုင်း၊ ခင်ဦး-ရေဦး လမ်းပိုင်းအား ယမန်နေ့ မေလ ၈ ရက်နေ့မှစတင်ကာ အသွားအလာအားလုံးရပ်ထားပေးကြရန် Khin U Support Organization အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

မင်းကင်း၊ ယင်းမာပင်၊ ဆားလင်းကြီး

မုံရွာ- ပုသိမ်လမ်းမကြီး၊ ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းပိုင်းများအား ယခုမှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း ဒေသတွင်း PDFအဖွဲ့များက ယမန်နေ့ မေလ ၈ ရက်နေ့တွင် အသိပေး ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။