Connect with us

Hi, what are you looking for?

News

မင်းတပ် – မတူပီလမ်း ယနေ့တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးခန့်သေဟု CDFထုတ်ပြန်

“ရာသီဥတုသာမဆိုးရင် မှိုင်းမတိုက်ခဲ့ရင် ဒီထက်ပိုပြီး မိုင်းဆွဲတိုက်ခိုက်နိုင်မယ်။ ဒီထက်ပိုပြီး တိုက်ပွဲပြင်းထန်မယ်။ ရာသီဥတုကြောင့် ကျွန်တော်တို့ အများကြီးနစ်နာသွားတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

(CDF ရဲဘော်များအား တွေ့ရစဥ်)

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးပါ စစ်ကြောင်းနှင့် ၃၀ဦးပါစစ်ကြောင်း မိုင်းဖြင့်တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးနိုင်ဟု ဖော်ပြ

ချင်းပြည်နယ် မင်းတပ် – မတူပီလမ်း မိုင်တိုင် (၂၅)၌ ယနေ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးခဲ့ပြီး မိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်မှုကြောင့်လည်း အများအပြား သေဆုံးနိုင်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

မတူပီမှ ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်တိုင်အမှတ် (၂၅)တွင် ယနေ့(မေလ ၉ရက်) နံနက် ၁၁နာရီမှ ၁နာရီအထိ ၂နာရီကြာ အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း၊ မင်းတပ်CDF ဘက်မှ မောင်းပြန်သေနတ်၊ RPG တို့ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်ကျဆုံးခဲ့သည်ဟု ဆိုသည်။

ထိုအချိန်တွင် မိုင်းကွင်းထဲသို့ဝင်လာသည့် စစ်ကောင်စီ အင်အား ၂၀ခန့်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အများအပြား သေဆုံးထိခိုက်နိုင်ကြောင်း မင်းတပ် CDFက ခန့်မှန်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အလားတူ မိုင်တိုင် (၂၄)တွင်လည်း စစ်ကောင်စီတပ်ယာဉ်တန်း၏ ရှေ့ပြေးလုံခြုံရေးစစ်ကြောင်းမှ အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း မိုင်းကွင်း အတွင်းဝင်ရောက်လာ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်သည်ဟု မင်းတပ် CDFက ခန့်မှန်းထုတ်ပြန်သည်။

“ရာသီဥတုသာမဆိုးရင် မှိုင်းမတိုက်ခဲ့ရင် ဒီထက်ပိုပြီး မိုင်းဆွဲတိုက်ခိုက်နိုင်မယ်။ ဒီထက်ပိုပြီး တိုက်ပွဲပြင်းထန်မယ်။ ရာသီဥတုကြောင့် ကျွန်တော်တို့ အများကြီးနစ်နာသွားတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ် CDF အနေဖြင့်အဆိုပါ စစ်ယာဉ်တန်းကို မနက်ဖြန်တွင်လည်း ပိုမိုပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

“မနက်ဖြန်မှာလည်း ကျွန်တော်တို့ ဆက်လက်ပြီးတော့ တိုက်ပွဲပြင်းထန်နိုင်ဖွယ်ရှိတယ်။ ပုံမှန်အရဆိုရင် ခလရ (၂၇၄)က ရှေ့ပွိုင့်လာကြိုတာရှိတယ်။ သူတို့ က ရှေ့ပွိုင့်က လာကြိုရင်တော့မြန်တာပေါ့။ တကယ်လို့မှ လာမကြိုခဲ့ဘူးဆိုရင် တိုက်ပွဲတွေက ပိုပြင်းထန်နိုင်တယ်။” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် ဧပြီ ၂၇ရက်တွင် မတူပီမြို့မှ ထွက်ခွာလာရာ မတူပီ CDF၊ မင်းတပ် CDF တို့က ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ မိုင် ၁၀၀ကျော်သာဝေးသည့် ခရီးကိုနှစ်ပတ်ကြာသည်အထိ မရောက်နိုင်ဘဲဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook