Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်မြို့အနီးရှိ သဗျာရွာတွင်တိုက်ပွဲပြင်းထန်​နေ

အကြမ်းဖက်စစ်ကောင်စီတပ်က ပကာရီရွာကိုအင်အားအလုံးဖြင့်ပိတ်ဆို့ စစ်ကြောင်းထိုးနိုင်ရန်အတွက် သဗျာရွာကိုတိုက်ခိုက်​နေခြင်းဖြစ်​ကြောင်းဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

●ပကာရီရဲစခန်းကို PDFများကတိုက်ခိုက်ဖျက်သိမ်းခဲ့၍ ပကာရီရွာကိုတိုက်ခိုက်ရန်စစ်တပ်ကသဗျာရွာကိုဦးစွာတိုက်​နေခြင်းဖြစ်

ထားဝယ်မြို့မှာ ၅ မိုင်အကွာရှိ သဗျာရွာတွင် ဒေသခံကာကွယ်ရေးတပ်များကို စစ်ကောင်စီတပ်က တင့်ကားနှစ်စီးအပါအဝင် စစ်အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။

ယနေ့ (မေ ၉ ရက်) ညနေ ၄နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ညဦးပိုင်းမှစ၍ စစ်ကောင်စီတပ်က တင့်ကားနှစ်စီးအပါအဝင် စစ်အင်အားအလုံးအရင်းဖြစ်အင်အားဖြည့်တင်းကာ ထိုးစစ်မြှင့်နေခြင်းဖြစ်သည်။

“တင့်ကားနှစ်စီးနဲ့ စစ်ကား ၈ စီးလောက်ကထားဝယ်မြောက် သပြေချောင်းရွာကနေ ပကာရီရွာဘက်ကိုအခုညမှာဝင်သွားတာတွေ့ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် ယမန့်နေညကတည်းက သဗျာရွာအတွင်းကို ဝင်ရောက်နေရာယူထားခြင်းဖြစ်သည်။ သဗျာရွာအနီးရှိတလိုင်းတောင်ရွာ၊ ကသန်းရွာတို့တွင်လည်း အင်အား ၁၀၀ကျော်ခန့်ဖြင့် နေရာဖြန့်ထားပြီး ရွာအပြင်များတွင် မြေမြှပ်မိုင်းများ ထောင်နေသည်ဟု ဒေသတွင်းသတင်းဌာနများတွင်ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပကာရီရွာကိုအင်အားအလုံးဖြင့်ပိတ်ဆို့ စစ်ကြောင်းထိုးနိုင်ရန်အတွက် သဗျာရွာကိုတိုက်ခိုက်​နေခြင်းဖြစ်​ကြောင်းဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အခုဖြစ်နေတာ ပကာရီရွာမရောက်သေးဘူး သဗျာဆိုတဲ့ရွာဖြစ်နေကြတာ၊ တိုက်ပွဲအခြေအနေတော့ သေချာမသိသေးဘူး။ သဗျာရွာက ထားဝယ်မြို့နဲ့ လေး၊ငါးမိုင်ပဲ ဝေးတာ”ဟု ၎င်းကဆက်​ပြောသည်။

စစ်ကောင်စီတပ်သည် အင်အားကြိုတင်ဖြည့်တင်း​သောအခါ အရပ်သားဟန်ဆောင်၍ ခရီးသည်တင်ကားများကို အသုံးပြုခဲ့သည်ဟုလည်း ​ဒေသခံတစ်ဦးက​ပြောသည်။

ပကာရီရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာဘက်မှလည်းစစ်ကြောင်းသုံးကြောင်းခန့်ဖြင့်ဝင်ရောက်​နေပြီး အင်အား ၁၀၀ခန့်ရှိသည်ဟုလည်း သိရသည်။

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကိုPDFပူးပေါင်းတပ်က ဧပြီ ၂၄ နေလယ်ပိုင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်မီးရှို့ ဖျက်သိမ်းခဲ့သည်။ ပကာရီရဲစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် အဆိုပါ​ဒေသသို့အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလွန်ကျွံသုံးပြုပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။