Connect with us

Hi, what are you looking for?

News

ထားဝယ်မြို့အနီးရှိ သဗျာရွာတွင်တိုက်ပွဲပြင်းထန်​နေ

အကြမ်းဖက်စစ်ကောင်စီတပ်က ပကာရီရွာကိုအင်အားအလုံးဖြင့်ပိတ်ဆို့ စစ်ကြောင်းထိုးနိုင်ရန်အတွက် သဗျာရွာကိုတိုက်ခိုက်​နေခြင်းဖြစ်​ကြောင်းဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

●ပကာရီရဲစခန်းကို PDFများကတိုက်ခိုက်ဖျက်သိမ်းခဲ့၍ ပကာရီရွာကိုတိုက်ခိုက်ရန်စစ်တပ်ကသဗျာရွာကိုဦးစွာတိုက်​နေခြင်းဖြစ်

ထားဝယ်မြို့မှာ ၅ မိုင်အကွာရှိ သဗျာရွာတွင် ဒေသခံကာကွယ်ရေးတပ်များကို စစ်ကောင်စီတပ်က တင့်ကားနှစ်စီးအပါအဝင် စစ်အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။

ယနေ့ (မေ ၉ ရက်) ညနေ ၄နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ညဦးပိုင်းမှစ၍ စစ်ကောင်စီတပ်က တင့်ကားနှစ်စီးအပါအဝင် စစ်အင်အားအလုံးအရင်းဖြစ်အင်အားဖြည့်တင်းကာ ထိုးစစ်မြှင့်နေခြင်းဖြစ်သည်။

“တင့်ကားနှစ်စီးနဲ့ စစ်ကား ၈ စီးလောက်ကထားဝယ်မြောက် သပြေချောင်းရွာကနေ ပကာရီရွာဘက်ကိုအခုညမှာဝင်သွားတာတွေ့ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် ယမန့်နေညကတည်းက သဗျာရွာအတွင်းကို ဝင်ရောက်နေရာယူထားခြင်းဖြစ်သည်။ သဗျာရွာအနီးရှိတလိုင်းတောင်ရွာ၊ ကသန်းရွာတို့တွင်လည်း အင်အား ၁၀၀ကျော်ခန့်ဖြင့် နေရာဖြန့်ထားပြီး ရွာအပြင်များတွင် မြေမြှပ်မိုင်းများ ထောင်နေသည်ဟု ဒေသတွင်းသတင်းဌာနများတွင်ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပကာရီရွာကိုအင်အားအလုံးဖြင့်ပိတ်ဆို့ စစ်ကြောင်းထိုးနိုင်ရန်အတွက် သဗျာရွာကိုတိုက်ခိုက်​နေခြင်းဖြစ်​ကြောင်းဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အခုဖြစ်နေတာ ပကာရီရွာမရောက်သေးဘူး သဗျာဆိုတဲ့ရွာဖြစ်နေကြတာ၊ တိုက်ပွဲအခြေအနေတော့ သေချာမသိသေးဘူး။ သဗျာရွာက ထားဝယ်မြို့နဲ့ လေး၊ငါးမိုင်ပဲ ဝေးတာ”ဟု ၎င်းကဆက်​ပြောသည်။

စစ်ကောင်စီတပ်သည် အင်အားကြိုတင်ဖြည့်တင်း​သောအခါ အရပ်သားဟန်ဆောင်၍ ခရီးသည်တင်ကားများကို အသုံးပြုခဲ့သည်ဟုလည်း ​ဒေသခံတစ်ဦးက​ပြောသည်။

ပကာရီရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာဘက်မှလည်းစစ်ကြောင်းသုံးကြောင်းခန့်ဖြင့်ဝင်ရောက်​နေပြီး အင်အား ၁၀၀ခန့်ရှိသည်ဟုလည်း သိရသည်။

ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရဲစခန်းကိုPDFပူးပေါင်းတပ်က ဧပြီ ၂၄ နေလယ်ပိုင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်မီးရှို့ ဖျက်သိမ်းခဲ့သည်။ ပကာရီရဲစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် အဆိုပါ​ဒေသသို့အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလွန်ကျွံသုံးပြုပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။