Connect with us

Hi, what are you looking for?

News

နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကိုခန့်အပ်

နွေဦးဆရာအတတ်သင်တက္ကသိုလ် ရဲ့အဓိပတိတာဝန်ကိုယူရတဲ့ရည်ရွယ်ချက်ဟာ ဆရာအတတ်ပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ၊ အရည်အသွေးရှိတဲ့ပညာရပ်တွေကို ပေးနိုင်ဖို့နဲ့ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ မှာ ပါဝင်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်က ရှင်းပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်ခဲ့သူ ဒေါက်တာသိန်းလွင်ဟာ နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဦးဆုံးအဓိပတိဖြစ်လာပါတယ်။

NUG အစိုးရ အဖွဲ့မှာ ပညာရေးဝန်ကြီးတာဝန်ယူဖို့ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပြီး နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိတာဝန်ကိုသာယူခဲ့တယ်လို့ ဒေါက်တာသိန်းလွင်က သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

ပညာရေး ဝန်ကြီး အဖြစ်တာဝန်ယူဖို့ ဒေါက်တာဇော်ဝေစိုးက ကမ်းလှမ်းခဲ့ကြောင်း ၊ဒါပေမယ့် NUG ဟာ တော်လှန်ရေးတာဝန်ထမ်းဆောင်နေတာကြောင့် တော်လှန်ရေးကိုဦးဆောင်သူတွေသာ ဝန်ကြီးဌာနကို တာဝန်ယူသင့်တယ်လို့ ထင်မြင်ယူဆတဲ့တွက် ဒေါက်တာဇော်ဝေစိုးကိုသာ ပညာရေးဌာန ဆက်လက်တာဝန်ယူပေးဖို့အကြံပြုခဲ့တယ်လို့ ဒေါက်တာသိန်းလွင်က ပြောထားပါတယ်။

နွေဦးဆရာအတတ်သင်တက္ကသိုလ် ရဲ့အဓိပတိတာဝန်ကိုယူရတဲ့ရည်ရွယ်ချက်ဟာ ဆရာအတတ်ပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ၊ အရည်အသွေးရှိတဲ့ပညာရပ်တွေကို ပေးနိုင်ဖို့နဲ့ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ မှာ ပါဝင်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်က ရှင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးဆရာအတတ်သင်တက္ကသိုလ်ဟာ ပညာရေးတက္ကသိုလ်အသီးသီးက ဆရာ ၊ဆရာမတွေ စုပေါင်းတည်ထောင်ထားတဲ့ တက္ကသိုလ်လည်းဖြစ်ပါတယ်။

အဲဒီတက္ကသိုလ်ရဲ့အဓိပတိဖြစ်လာသူဒေါက်တာသိန်းလွင်ဟာ NLD ပညာရေးကွန်ရက်တာဝန်ခံတစ်ဦးဖြစ်ခဲ့သလို မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ရဲ့ကိုယ်စားလှယ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက ကျောက်ဆည်တက္ကသိုလ်မှာ အဝေးသင်တက်မယ့်ကျောင်းသူတွေ မြန်မာဝတ်စုံဝတ်မလာရင် ကျောင်းထဲဝင်ခွင့်မပေးလို့ ကျောင်းသူတွေ အဆင်မပြေဖြစ်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက တက္ကသိုလ် တစ်ခုမှာ ကျောင်းသားတွေကို လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ကင်းဝေးစေရေး ရည်ရွယ်ပြီး ကွန်ဒုံးတွေ ထောက်ပံ့ ဝေငှတဲ့ အစီအစဉ်တစ်ခု စတင်နေပါတယ်။

အတွေးအမြင်

တက္ကသိုလ်ကျောင်းတွေကိုစစ်ကြေညာတာဟာ ‌ဒေါ်နယ်ထရန့်ဟာ ပထမဆုံးအာဏာရှင်မဟုတ်သလိုနောက်ဆုံးအာဏာရှင်လည်းဖြစ်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေဟာ အာဏာရှင်စနစ်ကိုဆန့်ကျင့်တဲ့ အတွေးအခေါ်တွေရဲ့ ရေခံမြေခံဖြစ်သလို၊ လူ့အဖွဲ့အစည်းနဲ့ ပက်သက်ရင် စွန့်လွှတ်အနစ်နာခံမှုနဲ့ ရဲရင့်မှုရဲ့အမှတ်အသားတွေလည်းဖြစ်လို့ပါပဲ။

သတင်း

မန္တလေးအခြေစိုက် တက္ကသိုလ် ၁၅ ကျောင်းမှ ကျောင်းသားသမဂ္ဂများစုပေါင်း၍ ရဲဘော်များနှင့် စစ်ဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေရှာ​ဖွေမည့် "ရွှေမန်းဆီသို့ ကမ်ပိန်း ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။