Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို မြို့မရပ်ကွက်တိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေဟု PDFထုတ်ပြန်

ဒုတိယအကြိမ်ဖြစ်ပွားခဲ့သော ပြောက်ကျားတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လေးဦးခန့်သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး သုံးထက်မနည်း ဒဏ်ရာရရှိခဲ့ဟု အသိပေးထားသည်။

ဓာတ်ပုံ - ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ မြို့မရပ်ကွက်တွင် ယမန်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေ၊ သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်

အဆိုပါ မြို့မရပ်ကွက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDFနှင့် အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ခွဲအချို့ ပူးပေါင်းပြီး မေလ ၉ရက် နံနက်ပိုင်း၌ တစ်ကြိမ်၊ နေ့လယ် ပိုင်း၌ တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

ဒုတိယအကြိမ်ဖြစ်ပွားခဲ့သော ပြောက်ကျားတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လေးဦးခန့်သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး သုံးထက်မနည်း ဒဏ်ရာရရှိခဲ့ဟု အသိပေးထားသည်။

ဓာတ်ပုံ – ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသမ်းပြည်ခဲ့၍ ပြည်သူလူထု နေအိမ်အချို့ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook