Connect with us

Hi, what are you looking for?

News

CNDF ပါဝင်တိုက်ခိုက်သည့် ဖလမ်းနှင့်ကလေးမြို့နယ်တွင် နှစ်လအတွင်း စစ်ကောင်စီတပ် ၁၀၀ကျော်​သေ ၊ CNDF ရဲဘော် ၆ဦးကျဆုံး

စစ်ကောင်စီတပ်များကို CNO/CNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှု၊ ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ နှစ်လအတွင်း တိုက်ပွဲ (၁၃)ကြိမ်ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့တွင် မတ်လနှင့် ဧပြီအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ပါဝင်သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၅ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များကို CNO/CNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှု၊ ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ နှစ်လအတွင်း တိုက်ပွဲ (၁၃)ကြိမ်ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲ ၁၃ကြိမ်ဖြစ်ပွားခြင်း နှင့် ကလေးထောင်အတွင်း မတရား ပစ်ခတ်ခံရခြင်း၊ ဖမ်းဆီးပစ်သတ်ခံရခြင်း တို့ကြောင့် မတ်လနှင့် ဧပြီလတွင် CNDF တပ်ဖွဲ့ဝင် ၆ဦးကျဆုံးခဲ့ပြီး ​လေးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထား သည်။

တိုက်ပွဲဖြစ်ပွားရာ နေရာများမှာ ဖလမ်းမြို့နယ် တားလ် ၊ တလန်ဇာရ်၊ ရမ်ထလို၊ ဒေါက်ထက်၊ ရိခေါ်ဒါရ် ဒေသများ၊ ကလေးမြို့နယ် ရန်ကြီးအောင်၊ နတ်ချောင်း၊နတ်မြောင်း၊ အောင်ချမ်းသာ၊ တောင်သာ၊ ဟားခါးလေး စသည့် ဒေသများတို့ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။