Connect with us

Hi, what are you looking for?

News

က​လေးမြို့​တောင်ပိုင်း​ ​ရေရှင်ရွာသုံးရက်ဆက်တိုက်ပွဲ စစ်​ကောင်စီတပ် ၁၄ဦး​သေ၊PDF ၂ဦးကျဆုံး

မေ ၉ ရက်တွင် ရေရှင်ရွာအနီးတွင် နံနက် ၈နာရီမှ ညနေ ၄နာရီအထိ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦးသေဆုံးပြီး PDF(ကလေး)မှ ၂ ဦးကျဆုံးခဲ့သည်ဟုဆက်လက်​ဖော်ပြထားသည်။

(က​လေး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-က​လေးPDF)

●တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေသဖြင့် ခုခံစစ်အရှိန်မြှင့်ရန် PDF များအကူအညီလိုအပ်​နေ

ကလေးမြို့တောင်ပိုင်း၊ရေရှင်ရွာခုခံမူ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး PDF(ကလေး) တပ်သား နှစ် ဦးကျဆုံးခဲ့ကြောင်းPDF(ကလေး)က ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် မေ ၈ ရက်မှ စတင်ပြီး ကလေးမြို့၊တောင်ပိုင်းရေရှင်ကို အင်အား ၂၀၀ ခန့်ရှိသော စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ ဒေသခံကာကွယ်ရေးများနှင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ မေ ၈ ရက်တွင် ရေရှင်ရွာကို အင်းကျွန်းရွာဘက်မှ စစ်ကြောင်းနှစ်ကြောင်းနှင့် ကြံသာရွာဘက်မှ စစ်ကြောင်း တစ်ကြောင်း စုစုပေါင်း အင်အား ၂၀၀ခန်ဖြင့် စစ်ကြောင်း ၃ ကြောင်းဖြင့်ထိုးစစ်ဆင်လာသည်။

ထိုစစ်ကြောင်းကို PDF(ကလေး)၊ CDF(KKG)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့က ခုခံတိုက်ခိုက်ခဲ့ရာ ​မေလ ၈ ရက်ည ၇နာရီမှ ည ၁၀ အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့သည်PDF(ကလေး)ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မေ ၉ ရက်တွင် ရေရှင်ရွာအနီးတွင် နံနက် ၈နာရီမှ ညနေ ၄နာရီအထိ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ဦးသေဆုံးပြီး PDF(ကလေး)မှ ၂ ဦးကျဆုံးခဲ့သည်ဟုဆက်လက်​ဖော်ပြထားသည်။

Public Service Announcement

ရေရှင်ကို ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ (မေ၁၀ရက်)မနက် ၈နာရီခန့်တွင် လည်းဒေသခံကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ရာတွင် လက်နက်ခဲယမ်းမလုံလောက်သဖြင့် နံနက် ၉နာရီတွင် ရေရှင်ရွာမှ ဆုတ်ခွာပေးခဲ့သည်။

“တိုက်ပွဲတွေ တောက်လျောက်ဖြစ်နေဆဲပါ၊”ဟုPDF(ကလေး)ပြန်ကြားရေးတာဝန်ခံကပြောသည်။

ကလေးမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟုလည်း ၎င်းကပြောသည်။ ထိုကြောင့် ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်ရန် ပြည်သူများ အကူအညီလိုနေသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

က​လေး​မြို့​တောင်ပိုင်းရှိ ​ကျေးရွာများကို စစ်​ကောင်စီတပ်က ဆက်တိုက်စစ်​ကြောင်းထိုး​နေပြီး ​ဒေသခံ PDFများက အပြင်းအထန်ခုခံတိုက်ခိုက်သဖြင့်စစ်​ကောင်စီတပ် မကြာခဏအထိနာ​နေသည်။တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေ၍လက်နက်ခဲယမ်းများ ယခင်ကထက်လိုအပ်​နေကြာင်း
PDFများက​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ရေရှင်ရွာအတွင်းဝင်ရောက်ပြီး ရွာသားများ၏ ပစ္စည်းများကို ခိုးယူခြင်းနှင့်နေအိမ်များကို မီးရှို့ခြင်းတို့ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook