Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်နှစ်ဦးသေ

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်စွာရရှိသူများစွာရှိခဲ့ကာ KRU မှရဲဘော် နှစ်ဦးထိခိုက်ဒဏ်ရာ( တစ်ဦးစိုးရိမ်) ရရှိခဲ့ပြီး DMO PDF မှ ရဲ​ဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

▪️KRUနှင့်ဒီး​မော့ဆို PDFမှ ရဲ​ဘော်လေးဦးဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ကရင်နီတော်လှန် ရေးတပ်ပေါင်းစု(KRU)က ထုတ်ပြန်သည်။

ယနေ့ (မေ ၁၀ရက်)နေ့လယ်၂နာရီအချိန်မှစ၍ ၄ နာရီ အချိန်ထိ ဒေါငံခါးအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်နှင့် ထိတွေ့ချိန် ၂နာရီ ကြာမြင့်ခဲ့ပြီး တိုက်ပွဲတွင်း KRU တပ်ပေါင်းစု ၊ DMO PDF ၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အဖွဲ့ ၊ KNDF စသော ပူးပေါင်း အဖွဲ့များပါဝင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်စွာရရှိသူများစွာရှိခဲ့ကာ KRU မှရဲဘော် နှစ်ဦးထိခိုက်ဒဏ်ရာ( တစ်ဦးစိုးရိမ်) ရရှိခဲ့ပြီး DMO PDF မှ ရဲ​ဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

“စိုးရိမ်ရတဲ့ရဲဘော်က မိုင်းနင်းမိတာပါ။ကျန်တဲ့ရဲဘော်တွေကတော့ လက်နက်ကြီး ကျည်စ စင်တာ။လက်ရှိ တိုက်ပွဲတွေက စိတ်နေတော့ ကျည် နဲ့ ၄၀ မမ တွေလိုနေတယ်။ပြည်တွင်း ပြည်ပ က ပြည်သူတွေအနေနဲ့ ကူညီပေးဖို့ တိုက်တွန်းပါ တယ်”ဟု KRU တပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၈ရက်ကလည်း ဒီမော့ဆို့မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ညအချိန် ထိတွေ့မှု ​လေးကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ ငါးဦးသေဆုံး၍ အများအပြားအပြင်းအထန်ဒဏ်ရာရရှိနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook