Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်နှစ်ဦးသေ

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်စွာရရှိသူများစွာရှိခဲ့ကာ KRU မှရဲဘော် နှစ်ဦးထိခိုက်ဒဏ်ရာ( တစ်ဦးစိုးရိမ်) ရရှိခဲ့ပြီး DMO PDF မှ ရဲ​ဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

▪️KRUနှင့်ဒီး​မော့ဆို PDFမှ ရဲ​ဘော်လေးဦးဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကြောင်း ကရင်နီတော်လှန် ရေးတပ်ပေါင်းစု(KRU)က ထုတ်ပြန်သည်။

ယနေ့ (မေ ၁၀ရက်)နေ့လယ်၂နာရီအချိန်မှစ၍ ၄ နာရီ အချိန်ထိ ဒေါငံခါးအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်နှင့် ထိတွေ့ချိန် ၂နာရီ ကြာမြင့်ခဲ့ပြီး တိုက်ပွဲတွင်း KRU တပ်ပေါင်းစု ၊ DMO PDF ၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အဖွဲ့ ၊ KNDF စသော ပူးပေါင်း အဖွဲ့များပါဝင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်စွာရရှိသူများစွာရှိခဲ့ကာ KRU မှရဲဘော် နှစ်ဦးထိခိုက်ဒဏ်ရာ( တစ်ဦးစိုးရိမ်) ရရှိခဲ့ပြီး DMO PDF မှ ရဲ​ဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

“စိုးရိမ်ရတဲ့ရဲဘော်က မိုင်းနင်းမိတာပါ။ကျန်တဲ့ရဲဘော်တွေကတော့ လက်နက်ကြီး ကျည်စ စင်တာ။လက်ရှိ တိုက်ပွဲတွေက စိတ်နေတော့ ကျည် နဲ့ ၄၀ မမ တွေလိုနေတယ်။ပြည်တွင်း ပြည်ပ က ပြည်သူတွေအနေနဲ့ ကူညီပေးဖို့ တိုက်တွန်းပါ တယ်”ဟု KRU တပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၈ရက်ကလည်း ဒီမော့ဆို့မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ညအချိန် ထိတွေ့မှု ​လေးကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ ငါးဦးသေဆုံး၍ အများအပြားအပြင်းအထန်ဒဏ်ရာရရှိနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။