Connect with us

Hi, what are you looking for?

News

မန္တလေးမြို့မှ သွေးသောက်အဖွဲ့ဒုခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးကို UG များက ရှင်းလင်းဟုထုတ်ပြန်

စစ်​ကောင်စီက ​သွေး​သောက်အဖွဲ့မှာ ၎င်းတို့နှင့်မသက်ဆိုင်ဟုငြင်းဆန်ထား​သော်လည်း​သွေး​သောက်အဖွဲ့က ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်မှုများအ​ပေါ် အ​ရေးတုံ့ပြန်​ခြင်း မရှိ​ဘဲ ခွင့်ပြုထား​သဖြင့် ​ထိုအဖွဲ့ ၏ ​နောက်ကွယ်တွင်စစ်​ကောင်စီ​ရှိ​ကြောင်း ပြည်သူများကညယုကြည်​နေကြသည်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ သွေးသောက်အဖွဲ့မှ ဒုခေါင်း ဆောင်ဆိုသူနှင့် အဖွဲ့ဝင်တစ်ဦးကို မန္တလေးမြေအောက်တော်လှန်ရေးအဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့​ကြောင်းသတင်းထုတ်ပြန်သည်။

ပုသိမ်ကြီးမြို့နယ် ဆင်ပွတ်ကြီးရွာအခြေစိုက် သွေးသောက်အဖွဲ့ ဒုခေါင်းဆောင် ဖြိုးကျော်နှင့် မုန့်နီတို့နှစ်ဦးကို လမ်း ၃၀ မြို့ပတ်လမ်းအရှေ့ထိပ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဆင်ပွတ်ကြီးသွေးသောက်အဖွဲ့သည် NLD အမတ်များကို ဖမ်းဆီးသတ်ဖြတ်၍ စစ်ခွေးများမှ ချပေးထားသော လက်နက်များကိုင်ဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုပြီး လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့သူတွေ ဖြစ်ပါတယ်ခင်ဗျာ”ဟု မန္တလေးအခြေစိုက် UG မဟာ မိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

အထက်ပါတိုက်ခိုက်မှုကို မန္တလေးမြို့အခြေ စိုက် UG မဟာမိတ်တပ်ပေါင်းစုဖြစ်သော Rangers Of Mandalay(ROM)၊ အနက်ရောင်သေမင်း၊ NGU:FF စသည့် UG အဖွဲ့ခြောက်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မန္တ​လေးမြို့တွင် ​သွေး​သောက်အဖွဲ့က NLD ​ထောက်ခံသူများနှင့်​ထောက်ခံကို ဖမ်းဆီးသတ်ဖြတ်မှု ၆ ဦး​ကျော်ရှိလာပြီး​နောက် မြို့ပြ​ပြောက်ကျားတပ်ဖွဲ့က​သွေး​သောက်အဖွဲ့ကို တန်ပြန်သုတ်သင်ရှင်းလင်း​မှု စတင်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ​သွေး​သောက်အဖွဲ့မှာ ၎င်းတို့နှင့်မသက်ဆိုင်ဟုငြင်းဆန်ထား​သော်လည်း​သွေး​သောက်အဖွဲ့က ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်မှုများအ​ပေါ် အ​ရေးတုံ့ပြန်​ခြင်း မရှိ​ဘဲ ခွင့်ပြုထား​သဖြင့် ​ထိုအဖွဲ့ ၏ ​နောက်ကွယ်တွင်စစ်​ကောင်စီ​ရှိ​ကြောင်း ပြည်သူများကညယုကြည်​နေကြသည်။

၎င်းတို့ UG မဟာမိတ်တပ်ပေါင်းစုညီနောင်များစုပေါင်း၍ အာဏာရှင်စနစ်အားတိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း UG များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့တွင်း နဲ့ မြို့ပြင် တွေမှာ ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို အခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။