Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်ရှိ စစ်ကောင်စီကင်းပုန်းကို KNLAနှင့် PDF ပူးပေါင်းတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ကောင်စီတပ်မှသေဆုံးမှုရှိနိုင်

စစ်ကောင်စီဘက်မှ အထိခိုက်ကျဆုံးရှိနိုင်ပြီး အတိကျမသိရသေးပါဟုလည်း သထုံ PDFက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ကင်းပုန်းတစ်ခုကို လက်နက်ကြီးများဖြင့် ၁နာရီကျော်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

သထုံမြို့နယ်၊ကမာစိုင်ကွက်သစ်ရှိစစ်ကောင်စီ၏ ကင်းပုန်းအား မေလ၁၁ရက်နံနက် ၁၁နာရီမှစ၍ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ သထုံ PDF၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ ၁နာရီကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ အထိခိုက်ကျဆုံးရှိနိုင်ပြီး အတိကျမသိရသေးပါဟုလည်း သထုံ PDFက ထုတ်ပြန်သည်။

KNU/PDF ပူးပေါင်းတပ်ဖွဲ့များသည် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီကင်းပုံးနေရာများ၊ စစ်ယာဉ်တန်းများကို မကြာ ခဏ တိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။