Connect with us

Hi, what are you looking for?

News

မေတ္တာမြို့နယ်ခွဲ အတွင်းတိုက်ပွဲစစ်​ကောင်စီတပ် ၁ ဦး​သေပြီး ၂ ဦးဒဏ်ရာရ၊ ​သေနတ်တစ်လက်နှင့်ကျည်များရရှိ

စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ သဲအင်းဂူဓမ္မရိပ်သာထဲသို့တစ်ကြိမ်ကျရောက်ခဲ့ခြင်းဖြစ်သည်။ထိုလက်နက်ကြီး ထိခိုက်မူကြောင့်သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်ကြီးကျောင်းတွင်လုပ်အားပေးနေသည့် ရွာသားတစ်ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

●စစ်တပ်ကပစ်ခတ်​သောလက်နက်ကြီးကျည် ဘုန်းကြီး​ကျောင်းအတွင်းကျ၍ ပြည်သူတစ်ဦး​သေ၊ဆရာ​တော်တစ်ပါးဒဏ်ရာရ

ထားဝယ်မြို့၊ မေတ္တာမြို့နယ်ခွဲရှိ ကင်ပွန်းချုံရွာအနီးတွင်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ယမန့်နေ့( မေ ၁၀ ရက်) ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့်ကျည်ဆန်များသိမ်းဆည်းရမိသည်ဟု Eastern Defense Force က ထုတ်ပြန်သည်။

ကင်ပွန်းချုံရွာ နှင့် ဘဝပင် သတ္တုမိုင်းကြားရှိ စစ်ကောင်စီကင်းပုန်းစခန်းကို ယမန့်နေ့ (မေ ၁၀ ရက်) ညနေ ၃နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များက တိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ တစ်ဦး​သေပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။

“ကျွန်တော်တို့ EDF အဖွဲ့မှအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နက်ငယ်များနှင့် မိနစ် ၂၀ အကြာရမ်းသမ်း ပစ်ခတ်မူ့ကြောင့် တောင်သုံးလုံး ဘုန်ကြီးကျောင်း အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပီး အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးပီး ၊ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရ။ သေဆုံးပြည်သူတစ်ဦးအတွက် EDF အဖွဲ့မှ စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျား”ဟု Eastern Defense Force က ​မေ၁၁ ရက်တွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ သဲအင်းဂူဓမ္မရိပ်သာထဲသို့တစ်ကြိမ်ကျရောက်ခဲ့ခြင်းဖြစ်သည်။ထိုလက်နက်ကြီး ထိခိုက်မူကြောင့်သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်ကြီးကျောင်းတွင်လုပ်အားပေးနေသည့် ရွာသားတစ်ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ထိုတိုက်ပွဲတွင် သေနတ် တလက်အပြင် ကျည်ဘောက် လေးခုနှင့် ကျည်ဆံ ၂၁၉ တောင့် သိမ်းဆည်းရရှိပြီး ဒေသခံကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့​ကြောင်းအဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook