Connect with us

Hi, what are you looking for?

News

မူဆယ်တိုက်ပွဲ ခမရ(၂၄၁)မှ စစ်​ကောင်စီတပ်သား ၁၆ဦး​သေဟု PSDA ထုတ်ပြန်

တိုက်ပွဲသတင်းကို PSDAက မေလ ၁၁ရက်မှသာ တရားဝင်သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ သတင်းမထုတ်​ပြန်ခင် ကနဦးကာလတွင် အဆိုပါတိုက်ပွဲသည် အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ခိုက်ခဲ့ခြင်းဟု လူသိများခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် မေလ ၄ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ(၂၄၁)မှ တပ်သား ၁၆ဦးအထိ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People Secrity And Defence Army – PSDA က သတင်းထုတ်ပြန်သည်။

မူဆယ်မြို့နယ် မော်တောင်းရွာနှင့် တာလုံရွာကြား နမ့်ဖာတန်းလမ်းခွဲအနီးတွင် မေလ ၄ရက်ညနေက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ရန်သူစစ်ကောင်စီဘက်က ကျဆုံးဦးရေ (၁၆)ဦး၊ထိခိုက်ဒဏ်ရာရတစ်ဦး၊ စုစုပေါင်း ၁၇ဦးတို့ကို ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ချေမှုန်းခဲ့သည်”ဟု PSDA က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲသတင်းကို PSDAက မေလ ၁၁ရက်မှသာ တရားဝင်သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ သတင်းမထုတ်​ပြန်ခင် ကနဦးကာလတွင် အဆိုပါတိုက်ပွဲသည် အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ခိုက်ခဲ့ခြင်းဟု လူသိများခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုနေ့(မေလ ၄ရက်)ညနေက ရှမ်းပြည်ညီညွတ်ရေးကော်မတီအတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစံလှနှင့်အခြားအမျိုးသားတစ်ဦးစီးလာသည့်ကားကို မော့တောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲသွားပြီးနောက် မကြာမီ တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲအတွင်း စိုင်းစံလှအပါအဝင် လူငယ်နှစ်ဦးလည်း သေဆုံးခဲ့သည်။

မြေပြင်အခြေအနေတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတိုက်ပွဲအပြင်းအထန်ဖြစ်နေချိန်၌ TNLA က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က စစ်ကူလာရောက်ကာ တိုက်ခိုက်ပေးသွားခြင်းဟု ရှမ်းမြောက်အခြေစိုက် သတင်းရင်းမြစ်အချို့က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၆ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က နှစ်ဦးကျဆုံးခဲ့ရသည်။ ကျဆုံးခဲ့ရသည် နွေဦးသူရဲကောင်း အာဇာနည်ရဲဘော် ဇော်ကြီးနှင့် မီးတောက်တို့အတွက် ဝမ်းနည်းကြောင်း PSDAက သဝဏ်လွှာ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။