Connect with us

Hi, what are you looking for?

News

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ စင်ကာပူရောက်မြန်မာတွေအခက်အခဲတွေ့နေ

CNA သတင်းဌာနကို သံရုံးဘက်က ဖြေကြားချက်မှာဆိုရင် သောကြာနေ့တိုင်း လူ ၃၅၀ ကနေ ၄၀၀ ကြားတုံကင်ယူနိုင်အောင် စီစဉ်ပေးထားပြီး တုံကင်ရထားသူတွေကိုရုံးဖွင့်ရက်တွေမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့အတွက် လူ ၇၀ ကနေ ၈၀ ကြားဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

စင်ကာပူရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာမှာ စစ်ကောင်စီလက်အောက်ခံ သံရုံးဟာ လူဦးရေအကန့်အသတ်နဲ့သာဆောင်ရွက်နေတဲ့အတွက် သက်တမ်းတိုးလိုသူတွေအတွက်အခက်အခဲကြုံနေရကြောင်းသိရပါတယ်။

သက်တမ်းတိုးလိုတဲ့သူတွေအတွက် အွန်လိုင်းကနေ တုံကင်ယူရပြီး တုံကင် အတွက် သံရုံးဟာ သောကြာနေ့ မွန်းလွဲပိုင်း ၁ နာရီမှ စတင်ဖွင့်ပေးကာ တုံကင်တင်ရာမှာလည်း အဆင်မပြေမှုတွေရှိနေတယ်လို့ စင်ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦးကပြောပါတယ်။

” သောကြာမှ အွန်လိုင်းကတုံကင်ယူလို့ရတယ် ၊ ယူဖို့ လုပ်တိုင်းလည်း လူပြည့်သွားတာနဲ့ တင်လို့မရတာနဲ့ အဆင်မပြေကြဘူး” လို့အဲဒီအမျိုးသမီးကပြောပါတယ်။

သံရုံးဖက်ကတော့ တုံကင်ယူဖို့ ခက်ခဲတဲ့သူတွေအတွက် တုံကင်မယူဘဲ သံရုံးမှာသက်တမ်းလာတိုးနိုင်အောင် နေ့စဉ် လူ ၂၀ စာ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် အဲဒီလူ ၂၀ စာထဲ ပါနိုင်အောင် နာရီနဲ့ချီပြီး သံရုံးရှေ့မှာသွားရောက်စောင့်ဆိုင်းရတာမျိုးတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကဆို မြန်မာသံရုံးရှေ့မှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးနိုင်ဖို့အတွက် စောင့်ဆိုင်းနေကြသူတွေဟာ လူတန်းရှည်ကြီးအထိဖြစ်ခဲ့ပါတယ်။

အချို့ဆိုရင် ညအိပ်စောင့်ဆိုင်းခဲ့ပေမယ့် လူ ၂၀ စာထဲ မပါတဲ့အတွက် လှည့်ပြန်သွားရတဲ့သူတွေ တောင်ရှိခဲ့ပါတယ်။ ညဘက်အိပ်ပြီးစောင့်ဆိုင်းတဲ့အခါစင်ကာပူရဲက လာရောက်မေးမြန်းတာမျိုးကြုံရသူတွေလည်းရှိပါတယ်။

ဒီအခြေအတွေကို စင်ကာပူ မီဒီယာ CNA က မနေ့က သတင်းဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းမှာ ဆိုရင် နိုင်ငံကူးလက်မှတ်သက်တမ်းဖို့အတွက် အခက်အခဲတွေကြောင့် မြန်မာတွေစိတ်ပျက်နေရတာ ၊ အချိန်မီ သက်တမ်းမတိုးနိုင်တဲ့အတွက် စင်ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးမှာတွေကို စိုးရိမ်စိတ်ပူနေရတဲ့အကြောင်းအလေးထားဖော်ပြထားပါတယ်။

ဒီသတင်းဖော်ပြပြီး သိပ်မကြာခင်မှာ ပဲမြန်မာသံရုံးဟာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမယ့်သူတွေအတွက်အစီအစဉ်သစ်တွေ ထကြေညာလာပါတော့တယ်။

အဲဒီအစီအစဉ်မှာဆိုရင် အွန်လိုင်းကနေ တုံကင်ယူဖို့ခက်ခဲတဲ့သူတွေအတွက် နေ့စဉ် လူ ၂၀ လက်ခံနေရာကနေ လူ ၃၀ အထိတိုးမြှင့်ပေးသွားမယ်လို့ပါရှိပါတယ်။ ဒါအပြင် သောကြာနေ့တိုင်း တုံကင်ယူရာမှာ အခက်အခဲရှိတယ်လို့ကြားသိရတဲ့အတွက် မေလ ၁၆ ရက်ကစပြီးနေ့တိုင်း တုံကင်ယူနိုင်တဲ့စနစ်ကိုပြောင်းလဲပေးသွားမယ်လို့ ပြောလာပါတယ်။

CNA သတင်းဌာနကို သံရုံးဘက်က ဖြေကြားချက်မှာဆိုရင် သောကြာနေ့တိုင်း လူ ၃၅၀ ကနေ ၄၀၀ ကြားတုံကင်ယူနိုင်အောင် စီစဉ်ပေးထားပြီး တုံကင်ရထားသူတွေကိုရုံးဖွင့်ရက်တွေမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့အတွက် လူ ၇၀ ကနေ ၈၀ ကြားဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

စင်ကာပူက မြန်မာသံရုံးဟာ စစ်အာဏာမသိမ်းခင်က နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါမှာရော၊ ရွေးကောက်ပွဲတွေအတွက် မဲပေးရာမှာပါ အချိန်နဲ့တပြေးညီဆောင်ရွက်ပေးခဲ့တာကြောင့်နာမည်ကောင်းရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

Facebook