Connect with us

Hi, what are you looking for?

News

ကျောက်ကြီးမှာ စစ်ကောင်စီက ဒရုန်းသုံးပြီးတိုက်ခိုက်လို့ ကလေးတစ်ဦးထိမှန်ဒဏ်ရာရ

အဲဒီလို ဒရုန်းနဲ့ ဗုံးသီးပစ်ချမှုမှာ အသက်(၈)နှစ်ရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဒဏ်ရာရရှိတဲ့ကလေးကို ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် တာဝန်ရှိခေါင်းဆောင်တွေက ကုသမှုပေးခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းအသုံးပြု တိုက်ခိုက်လို့ အသက်(၈)နှစ်အရွယ် ကလေးတစ်ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မေ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်က စစ်ကောင်စီရဲ့ ခမရ(၃၄၉)တပ်ဟာ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာ အင်းနက်အထက်ဘုန်းကြီးကျောင်းရှေ့မှာ ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးတစ်လုံးကို ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

အဲဒီလို ဒရုန်းနဲ့ ဗုံးသီးပစ်ချမှုမှာ အသက်(၈)နှစ်ရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဒဏ်ရာရရှိတဲ့ကလေးကို ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် တာဝန်ရှိခေါင်းဆောင်တွေက ကုသမှုပေးခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် တာဝန်ရှိခေါင်းဆောင်တွေရဲ့ ပြောကြားချက်အရ ကလေးငယ်ရဲ့ ဘယ်ဘက်ရင်အုံကနေ နောက်ကျောဘက်ကို ပေါက်ထွက်ပြီး အဆုပ်ကို ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်