Connect with us

Hi, what are you looking for?

News

လက်နက်ကြီးဝယ်ယူ​ရေးအတွက် Project-7 အောင်မြင်ရေးကူညီပေးကြရန် ​မေတ္တာရပ်ခံ

RPG နှစ်လက်နှင့် ထိပ်ဖူးကျည်များဝယ်ယူမည့်Project -7အတွက် ရံပုံငွေ ကျပ်သိန်းတစ်ထောင် လိုအပ်သော်လည်း တစ်ပတ်ခန့်အတွင်း သိန်းသုံးရာကျော်သာ ရရှိသေးသည်ဟု မေလ ၁၃ရက်အထိ အခြေအနေကို အသိပေးထားပြီး အာရုံစိုက်လှူဒါန်းပေးကြရန် ကိုညီသုတက ​မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား တန်ပြန်ထိုးစစ်ဆင်ရေး လက်နက်ကြီးဝယ်ယူရန်အတွက် ရံပုံငွေရှာဖွေးရေးအစီအစဥ် Project-7 အောင်မြင်ရေးကူညီပေးကြရန် KNDF ရဲဘော်များနှင့် ပြည်သူ့ပန်းတိုင်အဖွဲ့မှ ကိုညီသုတက တောင်းဆိုလိုက်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၂)နှင့် တပ်ရင်း(၆)တို့က စစ်ကောင်စီအား တန်ပြန်တိုက်ခိုက်နိုင်ရေး လက်နက်ကြီးဝယ်ယူရန် ကိုညီသုတနှင့်အတူ Project -7 အမည်ဖြင့် ရံပုံငွေရှာဖွေရေး Campaign ပြုလုပ်နေသည်။

RPG နှစ်လက်နှင့် ထိပ်ဖူးကျည်များဝယ်ယူမည့်Project -7အတွက် ရံပုံငွေ ကျပ်သိန်းတစ်ထောင် လိုအပ်သော်လည်း တစ်ပတ်ခန့်အတွင်း သိန်းသုံးရာကျော်သာ ရရှိသေးသည်ဟု မေလ ၁၃ရက်အထိ အခြေအနေကို အသိပေးထားပြီး အာရုံစိုက်လှူဒါန်းပေးကြရန် ကိုညီသုတက ​မေတ္တာရပ်ခံထားသည်။

“တိုင်းရင်းသားတွေကို ကျွန်​တော်မျက်နှာပူတယ်။ တိုင်းရင်းသားတွေအတွက် ရံပုံငွေရှာပေးတာ မပြည့်သေးပါ။ သိန်း ၃၀၀ ကျော်ပဲ ရသေးတာကြောင့် Project-7 ဟာ Failတော့မလိုဖြစ်နေပါပြီ။ကယား ပြည်နယ်မှာ တိုက်ပွဲတွေရက်ဆက်နေတာကြာပါပြီ”ဟု ကိုညီသုတက ဆိုသည်။

Public Service Announcement

Public Service Announcement

Project-7 စတင်သည့် တစ်ပတ်ခန့်အတွင်း အလှူငွေကျပ်သိန်း ၃၀၀သာ ရရှိသေးသည်ဟု ဆိုသည်။ RPG တစ်လက်လျှင် ကျပ်သိန်း၁၅၀မှ ၂၀၀ကြားနှင့် ကျည် ထိပ်ဖူးတစ်ခုလျှင် ကျပ်ငါးသိန်းမှ ခုနှစ်သိန်း တန်ကြေးရှိနေ၍ တပ်ရင်းနှစ်ရင်းစာအတွက် ကျပ်သိန်းတစ်ထောင်လိုအပ်နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစစ်ဖြင့် တိုက်နေရာမှ ထိုးစစ်စတင်နိုင်ရေးအတွက် လက်နက်ကြီးဝယ်ယူနိုင်ရန် ပြည်သူလူထု၏ ထောက်ပံ့မှုအရေးတကြီးလိုအပ်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၂) မှ တာဝန်ရှိသူတစ်ဥ်ီးက ယနေ့(မေ ၁၄ရက်) ထပ်မံအသိပေးသည်။

Project-7အတွက် ရံပုံတွေရှာဖွေရေးကို မေလ ၁၈ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး လုံလောက်သော ငွေကြေးပြည့်မီအောင် နယ်ပယ်အသီးသီးက လှူဒါန်းပေးကြရန် လည်း မေတ္တာရပ်ခံထားသည်။

Project-7 အတွက် ပြည်သူ့အလှူငွေကို ကိုညီသုတ၏ NyiThuta’s Diary Page မှတစ်ဆင့် KNDF တပ်ရင်းရံပုံငွေအဖွဲ့က တိုက်ရိုက်လက်ခံသွားမည်ဖြစ်သည်။ လှုုဒါန်းရန်အတွက် အောက်ပါ Link
m.me/nyithuta2022 သို့ ဆက်သွယ်နိုင်သည်ဟု KPDFက အသိပေးထားသည်။

“အနိုင်ရချင်တယ်ဟေ့ဆို ရိုးရိုးလက်နက်လောက်နဲ့မရတော့ဘူး”ဟု ကိုညီသုတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။