Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့အဝင်တွင် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရ ၈ ဦးခန်ထိခိုက်​သေဆုံးနိုင်ဟု ​ရေစကြိုPDFထုတ်ပြန်

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

(​ရေစကြို မြို့အဝင် တစ်​နေရာ)

မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်နှင့်ရဲများအား တိုက်ခိုက်ခဲ့ပြီး ၈ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း Yesagyo PDFက သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၁၄ ရက် နံနက် (၇)နာရီခန့်က ရေစကြိုမြို့အဝင် ဆက်သွယ်ရေးရုံးနှင့် စိုက်ပျိုးရေးရုံးကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်း၃ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း Yesagyo PDFက ပြောသည်။

အကြမ်းဖက်စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးထိခိုက်သေဆုံးနိုင်သည်ဟု Yesagyo PDFက ခန့်မှန်းသည်။

“အော်ချိန်တောင်မရလိုက်ဘဲ လူနာတင်ကားပေါ်မှာ မလှုပ်မယှက်နဲ့လိုက်ပါရင်း ငရဲပြည်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါပြီ။”ဟု Yesagyo PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ် ​သေဆုံးထိ့ခိုက်မှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်​​သေးပါ။

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်အနီးကပ်နေထိုင်သွားလာလှုပ်ရှားခြင်းများ လုံးဝမပြုလုပ်ကြပါရန် Yesagyo PDFကမေတ္တာရပ်ခံသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ရေစကြိုမြို့ပေါ်နှင့်အနီးတဝိုက်တွင်သာမက ရေလယ်ကျွန်းဒေသတွင်လည်း ဒေသတွင်းအဖွဲ့များက အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်တိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား