Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့အဝင်တွင် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရ ၈ ဦးခန်ထိခိုက်​သေဆုံးနိုင်ဟု ​ရေစကြိုPDFထုတ်ပြန်

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

(​ရေစကြို မြို့အဝင် တစ်​နေရာ)

မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်နှင့်ရဲများအား တိုက်ခိုက်ခဲ့ပြီး ၈ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း Yesagyo PDFက သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၁၄ ရက် နံနက် (၇)နာရီခန့်က ရေစကြိုမြို့အဝင် ဆက်သွယ်ရေးရုံးနှင့် စိုက်ပျိုးရေးရုံးကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်း၃ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း Yesagyo PDFက ပြောသည်။

အကြမ်းဖက်စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးထိခိုက်သေဆုံးနိုင်သည်ဟု Yesagyo PDFက ခန့်မှန်းသည်။

“အော်ချိန်တောင်မရလိုက်ဘဲ လူနာတင်ကားပေါ်မှာ မလှုပ်မယှက်နဲ့လိုက်ပါရင်း ငရဲပြည်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါပြီ။”ဟု Yesagyo PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ် ​သေဆုံးထိ့ခိုက်မှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်​​သေးပါ။

ရေစကြိုမြို့နယ်အတွင်း၌ ပြည်သူလူထုနှင့်မပူးပေါင်းဘဲ ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်သားနှင့်ရဲများအား အရေးယူတိုက်ခိုက်မည်ဟု Yesagyo PDFက သတိပေးသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်အနီးကပ်နေထိုင်သွားလာလှုပ်ရှားခြင်းများ လုံးဝမပြုလုပ်ကြပါရန် Yesagyo PDFကမေတ္တာရပ်ခံသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ရေစကြိုမြို့ပေါ်နှင့်အနီးတဝိုက်တွင်သာမက ရေလယ်ကျွန်းဒေသတွင်လည်း ဒေသတွင်းအဖွဲ့များက အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်တိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။