Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ငါးဦးသေ

“စစ်ကောင်စီတပ်တွေက ရေဦးကိုမွှေနေတယ်။ အရပ်သားတွေလည်း ပြေးနေရတယ်။ ဒါဒီနေ့၊ လပြည့်နေ အခြေအနေပဲ။ မနက်က တိုက်ပွဲကတော့ မမျှော်လင့်ဘဲ ထိပ်တိုက်တိုးမိပြီး ချတာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

မြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး ရေဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မေ ၁၄ ရက်) နံနက် ၈နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် ရေဦးမြို့နယ် (ပကဖ)နှင့် PDF တို့ ကန်ပေါက်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ပကဖရဲဘော်တစ်ဦး ကျဆုံးပြီးနှစ်ဦးဒဏ်ရာရရှိ(မစိုးရိမ်ရပါ)”ဟု ရေဦး(ပကဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီတပ်တွေက ရေဦးကိုမွှေနေတယ်။ အရပ်သားတွေလည်း ပြေးနေရတယ်။ ဒါဒီနေ့၊ လပြည့်နေ အခြေအနေပဲ။ မနက်က တိုက်ပွဲကတော့ မမျှော်လင့်ဘဲ ထိပ်တိုက်တိုးမိပြီး ချတာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

ယခုလဆန်းပိုင်းကစ၍ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ကျေးရွာအများစုကို မီးရှို့ဖျက်ဆီးနေသည်။

ထို့အပြင် မေ ၁၂ ရက်ကလည်း ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာဒေသခံများအစုလိုက် အသတ်ခံရပြီး လက်ရှိအချိန်ထိ မီးရှို့ခံထားရပြီး မည်သူမည်ဝါဖြစ်သည်ကိုအတည်မပြုနိုင်သေးသော ရုပ်အလောင်း ၂၉လောင်း တွေ့ရှိထားကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် အင်အား ၁၀၀ခန့်ပါ အကြမ်းဖက်စစ်တပ်က စည်သာမြေရွာသို့ကူးလာပြီး ပြည်သူနေအိမ်များမီးရှို့နေသဖြင့် နေအိမ် ၁၀လုံး ထက်မနည်းပြာကျ ပျက်စီးခဲ့ပြီဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။