Connect with us

Hi, what are you looking for?

News

ချောင်းဦးနယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ ၂၀ဦးထက်မနည်းသေနိုင်ဟု မဟာမိတ်အဖွဲ့များ​ပြော

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

(ဧပြီ ၂၇ ရက်က မန္တလေး-မုံရွာလမ်းပေါ်ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော အံစာတုံးယာဥ်နှစ်စီးအား မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂၀ဦး ထက်မနည်းသေဆုံးနိုင်ကြောင်း ယင်းအဖွဲ့များက ပြောသည်။

ယနေ့(မေလ ၁၄ရက်) နံနက် ၁ဝနာရီ၅၀မိနစ်ခန့်က ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းအတိုင်း မန္တ​လေးမှ ဆင်းလာသော စစ်​ကောင်စီတပ် အင်အား ၄၀ခန့်ပါသည့် အံစာတုံးကားနှစ်စီး တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဂွေးပင်တော – ဘိုးမင်းကြီးကင်းကြားရှိ တံတားပေါ်အရောက်တွင် ပဒေသာမိုင်းများ၊တဖက်ပွင့်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အံစာတုံးကားနှစ်စီးမှာ ပက်လက်လှန်၍ တစ်စီးမှာ လမ်းဘေးသို့ပြုတ်ကျသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

(ဧပြီ ၂၇ ရက်က မန္တလေး-မုံရွာလမ်းပေါ်ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဆိုပါ တိုပ်ခိုက်မှုကို Chaung U Revolution Army တပ်ခွဲ(၂)မိုင်းအဖွဲ့နှင့် Farmer Rvolution Force၊ CHU(FRF)ညီနောင် မဟာမိတ်(၂)ဖွဲ့ဦးဆောင်၍ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် Chaung U Revolution Army(CRA)၊Farmer Revolution Force CHU (FRF)၊Black Eagle Defence Force MMU၊ကန္တာရသိန်းငှက်၊CDSOM၊ Myinmu Civil Revolution Fore(CRF)၊ဇာမဏီတပ်ဖွဲ့တို့ မဟာမိတ်တပ်ပေါင်းစုများ စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Chaung U Revolution Armyထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယနေ့ (မေလ ၁၄ရက်) နံနက် ၁၁နာရီခွဲခန့်ကလည်း မန္တလေးမှ မြင်းမူမြို့သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်များ လိုက်ပါလာသည့် ပေါင်မုန့်ကား အစီး ၂၀ နှင့် Express ကားတစ်စီးအား မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာကြားတွင် ပဒေသာမိုင်းဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း PAFD က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။