စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော အံစာတုံးယာဥ်နှစ်စီးအား မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂၀ဦး ထက်မနည်းသေဆုံးနိုင်ကြောင်း ယင်းအဖွဲ့များက ပြောသည်။
ယနေ့(မေလ ၁၄ရက်) နံနက် ၁ဝနာရီ၅၀မိနစ်ခန့်က ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းအတိုင်း မန္တလေးမှ ဆင်းလာသော စစ်ကောင်စီတပ် အင်အား ၄၀ခန့်ပါသည့် အံစာတုံးကားနှစ်စီး တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ဂွေးပင်တော – ဘိုးမင်းကြီးကင်းကြားရှိ တံတားပေါ်အရောက်တွင် ပဒေသာမိုင်းများ၊တဖက်ပွင့်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အံစာတုံးကားနှစ်စီးမှာ ပက်လက်လှန်၍ တစ်စီးမှာ လမ်းဘေးသို့ပြုတ်ကျသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိသွားသည်ဟု မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

Public Service Announcement

အဆိုပါ တိုပ်ခိုက်မှုကို Chaung U Revolution Army တပ်ခွဲ(၂)မိုင်းအဖွဲ့နှင့် Farmer Rvolution Force၊ CHU(FRF)ညီနောင် မဟာမိတ်(၂)ဖွဲ့ဦးဆောင်၍ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် Chaung U Revolution Army(CRA)၊Farmer Revolution Force CHU (FRF)၊Black Eagle Defence Force MMU၊ကန္တာရသိန်းငှက်၊CDSOM၊ Myinmu Civil Revolution Fore(CRF)၊ဇာမဏီတပ်ဖွဲ့တို့ မဟာမိတ်တပ်ပေါင်းစုများ စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Chaung U Revolution Armyထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ယနေ့ (မေလ ၁၄ရက်) နံနက် ၁၁နာရီခွဲခန့်ကလည်း မန္တလေးမှ မြင်းမူမြို့သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်များ လိုက်ပါလာသည့် ပေါင်မုန့်ကား အစီး ၂၀ နှင့် Express ကားတစ်စီးအား မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာကြားတွင် ပဒေသာမိုင်းဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း PAFD က အသိပေးထားသည်။
