Connect with us

Hi, what are you looking for?

News

မြိုင်တိုက်ပွဲ ပျူစောထီးခေါင်းဆောင်အပါအဝင် လေးဦးသေ

ယနေ့(မေလ ၁၅ရက်) ညနေ ၂နာရီ ၂၀မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဝက်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင် ဝင်းငွေအပါအဝင် လေးဦးသေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများလိုက်ပါလာသည့် ယာဥ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်နှစ်ဖွဲ့က တိုက်ခိုက်ရာ ပျုစောထီးခေါင်းဆောင်အပါအဝင် လေးဦးသေဆုံးခဲ့သည်။

စစ်ကောင်စီနှင့် ပျူစောထီးများက ရိက္ခာသယ်လာသည့်ကားနှင့်အတူ လိုက်ပါလာမည်ဟု သတင်းအတိအကျရ၍ ကိုင်းတောမနှင့်ကမ္မလမ်းပိုင်းတွင် စောင့်၍တိုက်ခိုက်ခဲ့ခြင်းဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(မေလ ၁၅ရက်) ညနေ ၂နာရီ ၂၀မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဝက်ပုတ်ကျေးရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေအပါအဝင် လေးဦးသေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဂဠုန်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“သေတာ လေးယောက်။ ဒဏ်ရာရတာတွေလည်း များတယ်။ တိုက်ပွဲတွေ ပြင်းလာဖို့ရှိတယ်။ ပြည်သူတွေ ဒီရက်ပိုဂရုစိုက်ပေးကြပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။