Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်မှအိမ်​ခြေနှစ်​ထောင်ခန့်ရှိ​သောလက်ယက်မရွာကိုစစ်​တပ်ကရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ပြည်သူသုံးဦးကိုသတ်ဖြတ်

အကြမ်းဖက်စစ်တပ်က ကျေးရွာနေအိမ်များအပြင် ရွာဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်တစ်ခုနှင့် ကျေးရွာ-တိုက်နယ်ဆေးရုံမှ ဆေးကုသဆောင်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

(လက်ယက်မကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အိမ်ခြေနှစ်ထောင်ခန့်ရှိသော လက်ယက်မကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးကာ သုံးဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည်မြိုင်မြို့နယ်မြောက်ပိုင်းရှိ လက်ယက်မ(စံပြ)ကျေးရွာကို ယမန်နေ့ မေလ ၁၅ ရက်နေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်​သည်။

၎င်းတို့ မီးရှို့ခဲ့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီး ထွက်ပြေးနေရသည့်ပြည်သူ သောင်းချီရှိ၍ စားနပ်ရိက္ခါ အရေးတကြီးလိုအပ်နေကြောင်းဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် လက်ယက်မကျေးရွာထဲတွင် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းသုံးလောင်း လက်တလောတွေ့ရှိထားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်ယက်မမှာ ဒီနေ့(မေလ ၁၆ ရက်မနက်)လူသေအလောင်းနှစ်လောင်းထပ်တွေ့ရပါတယ်။ မနေ့ကတစ်လောင်းဒီနေ့နှစ်လောင်းပါ။ တစ်လောင်းကတော့ ပြေးရင် အိမ်သာထဲမှာဝင်ပုန်းပြီး မီးခိုးမွှန်သေဆုံးထားတဲ့သဘောလို့ သက်မှတ်လို့ရပါတယ်။တစ်လောင်းကတော့သူတို့သတ်ပြီးပစ်ခဲ့တဲ့ပုံပါ။” ဟုနွေဦးတော်လှန်ရေး-မြိုင် အဖွဲ့က ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်တပ်က ကျေးရွာနေအိမ်များအပြင် ရွာဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်တစ်ခုနှင့် ကျေးရွာ-တိုက်နယ်ဆေးရုံမှ ဆေးကုသဆောင်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

(လက်ယက်မကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

ပြည်သူများ၏ အဖိုးတန်ပစ္စည်းများကိုလည်း အကြမ်းဖက်စစ်အုပ်စုက ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး ပျက်စီးဆုံးရှုံးသောပမာဏ အလွန်များပြားကာ အိမ်ခြေမည်မျှ မီးလောင်သည်ကိုပင် အတည်ပြုရန် မလွယ်ကူသေးကြောင်း နွေဦးတော်လှန်ရေး(မြိုင်)အဖွဲ့က ပြောသည်။

လက်ယက်မကျေးရွာအပြင် အခြားအနီးနားဝန်းကျင်ရွာများပါ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဦးရေနှစ်သောင်းခန့်ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းသည်။

“လက်တလော ဆန်ဆီစားစရာပါ။ သူတို့လက်ရှိရှောင်နေတဲ့နေရာမှာ ရွာခံတွေကျွေးမွေးထားရတဲ့အတွက်လူများတော့ ဆန်ဆီလိုအပ်တာတွေရှိနေပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(လက်ယက်မကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

ယမန်နေ့ (မေလ ၁၅ ရက်နေ့) ညနေ ၄ နာရီ အချိန်ခန့်က လက်ယက်မစံပြကျေးရွာအား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး၍တပ်ပြန်ဆုတ်လာသော အကြမ်းဖက်စစ်တပ်အားကြည့်ကန်ကျေးရွာမြောက်ဘက် တောတိုက်အရောက်တွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း မဟာမိတ်တပ်ပေါင်းစုများက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် မြိုင်နယ်အတွင်းကျေးရွာအများအပြားမှ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။