Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးလင်းမြို့နယ်တွင်း စစ်ကြောင်းထိုးနေသော တပ်မ(၁၁)နှင့် YDF(ထီးလင်း)တို့ အနီးကပ်တိုက်ပွဲဖြစ်

တိုက်ပွဲအတွင်း YDF(ထီးလင်း) ဘက်မှအထိ အခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သွေးကွက်များကိုတွေ့ရသော်လည်း ထိခိုက်မှုများကိုမူ အတိအ ကျမသိရသေးဟု ဖော်ပြသည်။

ထီးလင်းမြို့နယ်တွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ တပ်မ (၁၁)နှင့် အနီးကပ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း YDF(ထီးလင်း)က အသိပေးထုတ်ပြန်သည်။

ယနေ့(မေ ၁၆ ရက်)နံနက် ၆ နာရီခွဲခန့်တွင် အောင်းကျေးရွာမှအရှေ့ဘက်သို့ဦးတည်ထွက်ခွာလာသောစစ်ကောင်စီတပ်ကို လက်နက်ကြီး၊လက်၊နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ချိန် နာရီ ဝက်ခန့်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း YDF(ထီးလင်း) ဘက်မှအထိ အခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သွေးကွက်များကိုတွေ့ရသော်လည်း ထိခိုက်မှုများကိုမူ အတိအ ကျမသိရသေးဟု ဖော်ပြသည်။

Public Service Announcement

“အခု ရန်သူ့စစ်ကြောင်းက အောင်းရွာရဲ့ မြောက်ဘက်ကို ဦးတည်နေတယ်။ဘယ်ကို ရွှေ့မလည်း ဆိုတာစောင့်ကြည့်နေတုန်း။ပြီးတော့ တိုက်ပွဲက အရှိန်မသေ သေဘူး”ဟု YDF(ထီးလင်း) တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကြိုတင်သတိပေးထားသည့်အတိုင်း ပြည်သူများအနေဖြင့် ထီးလင်း-ကျောက်ထုလမ်းပိုင်းအား လုံးဝအသုံးမပြုရန် ၎င်းက တိုက်တွန်းသည်။

ယမန်နေ့ကလည်း အင်အား ၈၀ ခန့်ပါ တပ်မ(၁၁) စစ်ကြောင်းသည် ထီးလင်းမြို့မှ စတင်ထွက်လာပြီးနောက် ကျေးရွာများသို့ တကျော့ပြန်စစ်ထိုးနိုင်သည်ဟု YDF (ထီးလင်း) ကသုံးသပ်သည်။

ဧပြီ လပိုင်းကစ၍ ထီးလင်းမြို့နယ်သို့ အင်အား ၁၀၀ ကျော်ပါ တပ်မ(၁၁) စစ်ကြောင်းဝင်ရောက်ခဲ့ပြီး မြို့၏ အနောက်ဘက်တစ်ကြောကို စစ်ထိုးခဲ့ကာ မေလ ၅ ရက်တွင် ထီးလင်းမြို့ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

စစ်ကြောင်းထိုးစဥ်ကာလအတွင် စစ်ကောင်စီတပ်သားများသည် အရှင်ဖမ်းခံရခြင်း၊တိုက်ပွဲအတွင် သေဆုံးခြင်းနှင့် CDM ဝင်လာသူ များကြောင့် စစ်ကြောင်းအင်အားလျော့နည်းသွားခြင်းဟု YDF (ထီးလင်း) ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။