Connect with us

Hi, what are you looking for?

News

ထီးလင်းမြို့နယ်တွင်း စစ်ကြောင်းထိုးနေသော တပ်မ(၁၁)နှင့် YDF(ထီးလင်း)တို့ အနီးကပ်တိုက်ပွဲဖြစ်

တိုက်ပွဲအတွင်း YDF(ထီးလင်း) ဘက်မှအထိ အခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သွေးကွက်များကိုတွေ့ရသော်လည်း ထိခိုက်မှုများကိုမူ အတိအ ကျမသိရသေးဟု ဖော်ပြသည်။

ထီးလင်းမြို့နယ်တွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ တပ်မ (၁၁)နှင့် အနီးကပ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း YDF(ထီးလင်း)က အသိပေးထုတ်ပြန်သည်။

ယနေ့(မေ ၁၆ ရက်)နံနက် ၆ နာရီခွဲခန့်တွင် အောင်းကျေးရွာမှအရှေ့ဘက်သို့ဦးတည်ထွက်ခွာလာသောစစ်ကောင်စီတပ်ကို လက်နက်ကြီး၊လက်၊နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ချိန် နာရီ ဝက်ခန့်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း YDF(ထီးလင်း) ဘက်မှအထိ အခိုက်အကျအဆုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သွေးကွက်များကိုတွေ့ရသော်လည်း ထိခိုက်မှုများကိုမူ အတိအ ကျမသိရသေးဟု ဖော်ပြသည်။

Public Service Announcement

“အခု ရန်သူ့စစ်ကြောင်းက အောင်းရွာရဲ့ မြောက်ဘက်ကို ဦးတည်နေတယ်။ဘယ်ကို ရွှေ့မလည်း ဆိုတာစောင့်ကြည့်နေတုန်း။ပြီးတော့ တိုက်ပွဲက အရှိန်မသေ သေဘူး”ဟု YDF(ထီးလင်း) တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကြိုတင်သတိပေးထားသည့်အတိုင်း ပြည်သူများအနေဖြင့် ထီးလင်း-ကျောက်ထုလမ်းပိုင်းအား လုံးဝအသုံးမပြုရန် ၎င်းက တိုက်တွန်းသည်။

ယမန်နေ့ကလည်း အင်အား ၈၀ ခန့်ပါ တပ်မ(၁၁) စစ်ကြောင်းသည် ထီးလင်းမြို့မှ စတင်ထွက်လာပြီးနောက် ကျေးရွာများသို့ တကျော့ပြန်စစ်ထိုးနိုင်သည်ဟု YDF (ထီးလင်း) ကသုံးသပ်သည်။

ဧပြီ လပိုင်းကစ၍ ထီးလင်းမြို့နယ်သို့ အင်အား ၁၀၀ ကျော်ပါ တပ်မ(၁၁) စစ်ကြောင်းဝင်ရောက်ခဲ့ပြီး မြို့၏ အနောက်ဘက်တစ်ကြောကို စစ်ထိုးခဲ့ကာ မေလ ၅ ရက်တွင် ထီးလင်းမြို့ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

စစ်ကြောင်းထိုးစဥ်ကာလအတွင် စစ်ကောင်စီတပ်သားများသည် အရှင်ဖမ်းခံရခြင်း၊တိုက်ပွဲအတွင် သေဆုံးခြင်းနှင့် CDM ဝင်လာသူ များကြောင့် စစ်ကြောင်းအင်အားလျော့နည်းသွားခြင်းဟု YDF (ထီးလင်း) ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။