Connect with us

Hi, what are you looking for?

News

KNU ထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင်အမျိုးသမီးတွေ ပေါ်တာအန္တရာယ်ပါ ရှိနေ

စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဒေသတွင်းမှာရှိတဲ့ ကေအဲန်ယူကျန်းမာရေးနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့က ဆေးဝါးကုသမှုတွေ လိုက်လံပြီးလုပ်ဆောင်ပေးနေတယ်လို့ KWO က ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင်အမျိုးသမီးတွေဟာ ကျန်းမာရေးပြသနာတွေ ရင်ဆိုင်နေရတဲ့အပြင် စစ်ကောင်စီရဲ့ ပေါ်တာဖမ်းဆီးမှုကိုပါ ထိတ်လန့်ကြောက်ရွံ့နေရတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO) တာဝန်ရှိသူက ပြောပါတယ်။

လတ်တလောမှာ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေမှာ ငှက်ဖျားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကြုံတွေ့ခံစားနေရတယ်လို့ KWO တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နော်စေးစေးဟဲက ပြောပါတယ်။

ဒါ့အပြင် ကေအဲန်ယူ သထုံခရိုင် တပ်မဟာ ၁ နဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ မှာ စစ်ဘေးတိမ်းရှောင်နေရတဲ့အမျိုးသမီးတွေအပေါ် စစ်ကောင်စီက ပေါ်တာဖမ်းဆီးမှုတွေ အရင်ကထက် ပိုမိုလုပ်ဆောင်လာတာကြောင့် အမျိုးသမီးတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့ KWO တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နော်စေးစေးဟဲက ပြောပါတယ်။

Public Service Announcement

“အမျိုးသမီးတွေက အခုကြောက်နေရတာ ပေါ်တာဖမ်းတာလေ။ အမျိုးသမီးတွေကိုလည်း ပေါ်တာခေါ်တာတွေလည်းများလာတယ်။ အမျိုးသမီးတွေကို ဓားစာခံအဖြစ်အသုံးပြုပြီးတော့ တချို့လူပြေးတဲ့နေရာကို လိုက်ပြခိုင်းတာလေ။ များသာအားဖြင့် အမျိုးသမီးတွေကိုပဲ သူတို့အသုံးချတယ်” လို့ နော်စေးစေးဟဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဒေသတွင်းမှာရှိတဲ့ ကေအဲန်ယူကျန်းမာရေးနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့က ဆေးဝါးကုသမှုတွေ လိုက်လံပြီးလုပ်ဆောင်ပေးနေတယ်လို့ KWO က ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဒေသအတွင်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၁၇၀၀၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုလိုအပ်လာနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။