Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံပြ​ည်သူ သုံးဦးသေဆုံး

အကြမ်းဖက်စစ်တပ်သည် မေလ ၁၅ ရက် ညနေပိုင်းကလည်း မြိုင်မြို့နယ်၊ လက်ယက်မရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ပြည်သူသုံးဦးကို သတ်ဖြတ်သွားခဲ့သည်။

(ရွာရှည်နှင့်တောင်ကိုင်း ကျေးရွာများအတွင်း စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့်ပစ်ခတ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်အလုံး ၆၀ကျော် မီးလောင်ပျက်စီးဟု ဒေသခံများပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံပြ​ည်သူ သုံးဦးသေဆုံးပြီး မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်အလုံး ၆၀ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလ ၁၄ ရက်က အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာရှည် (ပိတောက်ကန်)ရွာအတွင်းသို့ လက်နက်ကြီးကျည်ဆံများ ကျရောက်ခဲ့သည်။ လက်နက်ကြီးကျည်ဆံနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာသမရုံးအပါအဝင် ပြည်သူများ၏ နေအိမ် ၄၅လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ သုံးဦး သေဆုံးခဲ့ရကြောင်း နွေဦးတော်လှန်ရေး-မြိုင်က အသိပေးသည်။

ထို့ပြင် မေလ ၁၅ရက် ညနေပိုင်းတွင်လည်း စစ်အုပ်စုက ရွာရှည်(ပိတောက်ကန်)ကျေးရွာကို ထပ်မံဝင်ရောက်လာပြီး မီးရှို့ခဲ့၍ နေအိမ်အလုံး ၂၀ မီးလောင်ပြာကျခဲ့ကာ အခြားပျက်စီးဆုံးရှုံးမှုများလည်း များစွာရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၁၃ရက်ကလည်း စစ်အုပ်စုက ပစ်ခတ်သော လက်နက်ကြီးကျည်အချို့ တောင်ကိုင်းကျေးရွာအတွင်းကျရောက်ကာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

(ရွာရှည်နှင့်တောင်ကိုင်း ကျေးရွာများအတွင်း စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့်ပစ်ခတ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

တောင်ကိုင်းကျေးရွာရှိ ဘုန်းတော်​ကြီးကျောင်းကျောင်းဆောင်ပေါ်သို့ကျရောက်ကာ ကျောင်းဆောင်အမိုးများနှင့်ပစ္စည်းအချို့ ပျက်စီးပြီး နေအိမ် သုံးလုံး၏ အမိုးများ ၊ မီးဖိုများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ကာ နေအိမ်အတွင်း ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ရွာရှည်(ပိတောက်ကန်)ရွာနှင့် တောင်ကိုင်းကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

“ရွာရှည်မှာက မီးလောက်ပျက်စီးတာရော ဖျက်ဆီးခံရတာကော ၁၀၀ နဲ့ ၁၅၀ ကြားမှာရှိတယ်။ စစ်ရှောင်လက်ခံစခန်းတွေမှာပဲ နေကြပါတယ်။ မနေ့ကတော့ လက်ယက်မက ရွာခဏပြန်ကပ်ရင်း မိသားစု ၅ စုလောက်ဖမ်းခံလိုက်ရပါတယ်။”ဟု နွေဦးတော်လှန်ရေး-မြိုင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၁၅ ရက် ညနေပိုင်းကလည်း မြိုင်မြို့နယ်၊ လက်ယက်မရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ပြည်သူသုံးဦးကို သတ်ဖြတ်သွားခဲ့သည်။

၎င်းတို့ မီးရှို့ခဲ့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီး ထွက်ပြေးနေရသည့်ပြည်သူ သောင်းချီရှိနေကာ စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် မြိုင်နယ်အတွင်းကျေးရွာအများအပြားမှ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၁၅ ရက် ညနေပိုင်းကလည်း မြိုင်မြို့နယ်၊ လက်ယက်မရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ပြည်သူသုံးဦးကို သတ်ဖြတ်သွားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်