Connect with us

Hi, what are you looking for?

News

NUG နှင့်တရားဝင်​တွေ့ဆုံခဲ့သော မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို ဆာဆာကာဝါလာရောက်ဆွေး​နွေး

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နှင့်တရာဝင် ထိ့​တွေ့ဆက်ဆံလာပြီး မြန်မာပြည်သူများကိုစာနာ​ကြောင်း​ပြောကြားထားသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာကို နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါကယနေ့လာရောက်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကို အမြင်ချင်းဖလှယ်ခဲ့ပြီး အရပ်သားပြည်သူများလုံခြုံရေးအတွက် ဘက်အားလုံး၏ အပစ်အခတ်ရပ်စဲရေးကို လေ့လာစောင့်ကြည့်ရန် အရေးကြီးမှု၊ နိုင်ငံတကာပူပေါင်းပါဝင်ဖိတ်ခေါ်မှုဖြင့် လူသားချင်းစာနာမှုအကူအညီများအရေးပေါ်ပေးအပ်ရေးနှင့် လူသားချင်းစာနာမှုစကြ်ံန်ဖန်တီးရေးအပါအဝင် အရေးပါသည့်အချက်များအပေါ် သဘောတူခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ ဖေ့စ်ဘုတ်မှ အသိပေးထုတ်ပြန်သည်။

မြန်မာပြည်သူများအ​ပေါ်စာနာမှုပြသပြီး မြန်မာအ​ရေးတက်ကြွပွင့်လင်းစွာ​ပြောကြားလာ​​သောမလေးရှားနိုင်ငံခြား​ရေးဝန်ကြီး သည် NUG နိုင်ငံခြား​ရေးဝန်ကြီး​ဒေါ်ဇင်မာ​အောင်နှင့် ​မေလ ၁၄ ရက်တွင်​တွေ့ဆုံ​​ဆွေး​နွေးခဲ့သည်။

ထိုသို့​တွေ့ဆုံပြီး ၃ ရက်အကြာတွင် ဆာဆာကာဝါကလာ​ရောက်​တွေ့ဆုံခြင်းဖြစ်သည်။​တွေ့ဆုံမှုတွင်အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင်အထည်ဖော်ရေးနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီစနစ်ပြန်လည်အသက်သွင်းနိုင်ရေးအတွက် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရေးတို့အတွက် အာဆံနှင့်အတူ ဂျပန်အစိုးရက အားပေးထောက်ခံရပ်တည်ကြောင်း ဆာဆာကာဝါက ပြောသည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဌ၏ အထက်ပါ မလေးရှားခရီးစဥ်သည် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် သွားရောက်ခြင်း ဟုတ်၊ မဟုတ်ကို ရှင်းလင်းစွာ မသိရပေ။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၁ နိုဝင်ဘာလတွင် ဆာဆာကာဝါသည် နေပြည်တော်သို့ လာရောက်ပြီး အာဏာသိမ်းစစ်​ခေါင်း​ဆောင်နှင့်​တွေ့ဆုံသောခရီးစဥ်များသည် ဂျပန်အစိုးရ၏ အစီအစဥ်ဖြင့်သွားရောက်ခြင်းမဟုတ်ကြောင်း ဂျပန်နိုင်ငံခြားရေးတာဝန်ရှိသူက ပြောကြားဖူးသည်။

ဆာဆာကာဝါသည် အကြမ်းဖက်စစ်ခေါင်းဆောင်နှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး ၂၀၂၂ မတ်လ ၁၀ ရက်တွင် အပစ်ရပ်လက်မှတ်​ရေးထိုးထား​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်​တွေ့ဆုံပြီး စစ်ခေါင်း​ဆောင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား စေ့စပ်ညှိနှိုင်းပေးရန် ကြိုးစားခဲ့သည်။ သို့​သော်အဆိုပါ​တွေ့ဆုံ​ဆွေး​နွေးမှုမှာ စစ်​ဘေးဒုက္ခသည်များအတွက်လူသားချင်းစာနာ​ထောက်ထားမှု ဆိုင်ရာအကူအညီများ​​ပေးအပ်​ရေး​ဆွေး​နွေးသည်ဟုသာသတင်းထုတ်ပြန်ခဲ့သည်။

မတ်လ ၁၀ ရက်ချင်းမိုင်​တွေ့ဆုံပွဲမတိုင်ခင်မတ်လ ၆ ရက်ကဆာဆာကာဝါသည် အာဏာသိမ်းစစ်​ခေါင်း​ဆောင်နှင့် အွန်လိုင်းမှတစ်ဆင့်​တွေ့ဆုံ​ဆွေး​နွေးခဲ့​သေးသည်။ ချင်းမိုင်​တွေဆုံပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေးကိုယ်စားလှယ်များဟုအမည်ခံထားသူများဖြင့်ပါ​တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်စစ်​ကောင်စီကို နိုင်ငံတကာက အသိ့အမှတ်မပြုဘဲ ပစ်ပယ်ထားချိန်တွင် အာဏာသိမ်း​ခေါင်း​ဆောင်ထံဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်၍​ပြောဆို​​ဆွေး​နွေးနိုင်သူ လက်တစ်ဖက်စာမပြည့်​သောစာရင်းတွင် ဆာဆာကာဝါ ပါဝင်ပြီး ၊စစ်​ခေါင်း​ဆောင်နှင့်ရင်းနှီးသူဖြစ်သည်။

​မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို လိုလားသည်ဆိုသော ဆာဆာကာဝါသည် ပြည်သူလူထုထောက်ခံမှုရရှိထားပြီး ရွေးကောက်ခံများဖြင့် ဖွဲ့စည်းထားသော NUG အစိုးရနှင့်မူ ထိတွေ့ဆက်ဆံဆွေးနွေးခြင်း မရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

သတင်း

သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ