Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ နှစ်ပတ်အတွင်း တိုက်ပွဲရာနဲ့ချီဖြစ်ပွားခဲ့တာ စစ်ကောင်စီတပ်ဘက်က ၉၀ နီးပါ သေဆုံးခဲ့တယ်လို့ ဆို

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ စစ်သည်နှစ်ဉီးကျဆုံးပြီး နှစ်ဉီးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေအဲန်ယူ-ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား ရင်ဆိုင်တိုက်ပွဲရာနဲ့ချီဖြစ်ပွားခဲ့တာ စစ်ကောင်စီဘက်က အယောက် ၉၀ နီးပါး သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

အခုလ မေလဆန်းပိုင်းကနေစတင်ကာ ဒုတိယပတ်အထိ နှစ်ပတ်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်BGF တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲပေါင်း (၁၈၆)ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က (၈၈)ဦးသေဆုံးကာ (၆၈)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ စစ်သည်နှစ်ဉီးကျဆုံးပြီး နှစ်ဉီးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလ နှစ်ပတ်တာအတွင်းမှာ ကျေးရွာတွေအပေါ် စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တို့က လက်နက်ကြီးအလုံးပေါင်း ၇၀၀ ကျော်ပစ်ခတ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးသွားကာ ရှစ်ဦးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပို့ မြင်းလား ၁၃ ကောင်ကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ ပို့ဆောင်ရေးယာဉ် ၃ စီးနဲ့ စစ်ဆေးခန်းတစ်လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။