Connect with us

Hi, what are you looking for?

News

ဒေါငံခါးရွာက ဒီးမော့ဆို PDFနှင့် ၂နာရီကြာတိုက်ပွဲ စစ်ကောင်စီတပ်ငါးဦးသေ

တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးသွားသည့် စစ် ကောင်စီရုပ်အလောင်းများကို ကားဖြင့် ပြန် လည်သယ်ယူနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြ သည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ၂နာရီကြာတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(DMO -PDF)က ထုတ်ပြန်သည်။

ပြည်သူနေအိမ်ပေါ် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း၊ လွိုင်ကော် PDF နှင့် KRU မဟာမိတ်အချို့နှင့် ယနေ့ (မေ ၁၇ ရက်) နံနက် ၁၁နာရီ တွင် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံးသွားသည့် စစ် ကောင်စီရုပ်အလောင်းများကို ကားဖြင့် ပြန် လည်သယ်ယူနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြ သည်။

“ပြည်သူပိုင်အိမ်ကြီးထဲမှာကို သူတို့အခိုင်အမာ တပ်စွဲထားတယ်။ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ကတော့ ပြောက်ကျားနည်းနဲ့ ဝင်တိုက်ခဲ့တယ်။ ရန်သူအင်အားကတော့ စုစုပေါင်း ၂၀ကျော် ၃၀ လောက်ရှိနိုင်တယ်”ဟု DMO – PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းကလည်း ဒီးမော့ဆို မြို့မစျေးအနီး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း KNDF တပ်ရင်း(၁၉) က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း မြေမြှုပ်မိုင်းနှင့် တိုက်မိုင်းအများအပြါးထောင်ထားသည်ကို တွေ့ရှိရသည့်အတွက် စစ်ဘေးရှောင် မိဘပြည်သူများအနေဖြင့်နေရပ်ပြန်လည် ဝင်ရောက်ခြင်းမပြုလုပ်ရန် တိုက်တွန်းသည်။

ထို့အပြင် ပြည်သူ့နေအိမ်များ၏ ပစ္စည်းများခိုးယူခြင်း မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်ကျဆုံးသည်အထိ တိုက်ခိုက်သွားမည်ဟု DMO PDF ကအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook