Connect with us

Hi, what are you looking for?

News

ဘီးလင်းမှာ ညက တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆို

ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ တပ်ရင်း ၂ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ့ နယ်မြေကျူးကျော်ရောက်ရှိလာတာကြောင့် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွါးပြီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဆိုထားပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးမှာ မနေ့က KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ တပ်မဟာ ၁ နယ်မြေမှာရှိတဲ့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံကနေ သိရပါတယ်။

မနေ့ မေလ ၁၇ရက် မနက် ၈ နာရီခန့်ကစတင်ပြီး ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးမှာ KNLA PDF ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ်တို့အကြား ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၂နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ ဘက်မှ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကာ KNLA PDF ပူးပေါင်းတပ်ဖွဲ့ ဘက်ကတော့ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ရကာ တစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထံက ဆိုပါတယ်။

ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ တပ်ရင်း ၂ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ့ နယ်မြေကျူးကျော်ရောက်ရှိလာတာကြောင့် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွါးပြီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းရှိ သထုံ ဘီးလင်းမြို့နယ်တွေမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်းစီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွါးလျက်ရှိနေတယ်လို့ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။