Connect with us

Hi, what are you looking for?

News

ထိန်းချုပ်နယ်မြေမှာ ဖက်ဒရယ်ရေးရာသင်တန်း KNU ဦးစီးဖွင့်လှစ်

သင်တန်းမှာ ဒီမိုကရေစီစနစ် ၊ ဖက်ဒရယ်ရေးရာ ၊ အစိုးရ အုပ်ချုပ်ရေး ၊ ကွန်ဖက်ဒရေးရင်းနဲ့ ဖက်ဒရယ် ကွာခြားချက် ၊ မြန်မာ့နိုင်ငံရေးသမိုင်း ၊တိုင်းရင်းသားလက်နက်ကိုင်သမိုင်း နဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေကို ပို့ချတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ အခင်းအကျင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ရဲ့ ရပ်တည်မှုတွေအကြောင်း လူငယ်တွေ သိရှိနိုင်စေဖို့ အတွက် ထိန်းချုပ်နယ်မြေမှာ KNU က ဖက်ဒရယ်ရေးရာ သင်တန်း ကို ဖွင့်လှစ်ခဲ့ပါတယ်။

ဒီသင်တန်းကို KNU စည်းရုံးရေးနဲ့ပြန်ကြားရေးဌာန (ဗဟို) စီမံပြီးမေလအတွင်းကဖွင့်လှစ်ခဲ့တာလို့သိရပါတယ်။ သင်တန်းကို တိုင်းရင်းသားလူမျိုး လူငယ်ပေါင်းစုံ တက်ရောက်ကြပြီး စုစုပေါင်း ၂၂ ဦးတက်ရောက်ကြတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

သင်တန်းမှာ ဒီမိုကရေစီစနစ် ၊ ဖက်ဒရယ်ရေးရာ ၊ အစိုးရ အုပ်ချုပ်ရေး ၊ ကွန်ဖက်ဒရေးရင်းနဲ့ ဖက်ဒရယ် ကွာခြားချက် ၊ မြန်မာ့နိုင်ငံရေးသမိုင်း ၊တိုင်းရင်းသားလက်နက်ကိုင်သမိုင်း နဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေကို ပို့ချတယ်လို့သိရပါတယ်။

သင်တန်းဆရာတွေအဖြစ် ပဒိုစောလှထွန်း ၊ ပဒိုစောသမိန်ထွန်း ၊ ပဒိုစောပိုပိုထူးအောင်တို့ကဆောင်ရွက်ကြတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။