မြန်မာနိုင်ငံ အခင်းအကျင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ရဲ့ ရပ်တည်မှုတွေအကြောင်း လူငယ်တွေ သိရှိနိုင်စေဖို့ အတွက် ထိန်းချုပ်နယ်မြေမှာ KNU က ဖက်ဒရယ်ရေးရာ သင်တန်း ကို ဖွင့်လှစ်ခဲ့ပါတယ်။
ဒီသင်တန်းကို KNU စည်းရုံးရေးနဲ့ပြန်ကြားရေးဌာန (ဗဟို) စီမံပြီးမေလအတွင်းကဖွင့်လှစ်ခဲ့တာလို့သိရပါတယ်။ သင်တန်းကို တိုင်းရင်းသားလူမျိုး လူငယ်ပေါင်းစုံ တက်ရောက်ကြပြီး စုစုပေါင်း ၂၂ ဦးတက်ရောက်ကြတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
သင်တန်းမှာ ဒီမိုကရေစီစနစ် ၊ ဖက်ဒရယ်ရေးရာ ၊ အစိုးရ အုပ်ချုပ်ရေး ၊ ကွန်ဖက်ဒရေးရင်းနဲ့ ဖက်ဒရယ် ကွာခြားချက် ၊ မြန်မာ့နိုင်ငံရေးသမိုင်း ၊တိုင်းရင်းသားလက်နက်ကိုင်သမိုင်း နဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေကို ပို့ချတယ်လို့သိရပါတယ်။
သင်တန်းဆရာတွေအဖြစ် ပဒိုစောလှထွန်း ၊ ပဒိုစောသမိန်ထွန်း ၊ ပဒိုစောပိုပိုထူးအောင်တို့ကဆောင်ရွက်ကြတယ်လို့သိရပါတယ်။
