Connect with us

Hi, what are you looking for?

News

စစ်ကိုင်းရှိ မြို့နယ် ၁၅ခု၌ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်တရားသူကြီးအဖွဲ့များ ယာယီသမ္မတခန့်အပ်

မေလ ၁၇ရက်က ကျင်းပခဲ့သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် တရားရေးဝန်ကြီးဌာနက ကြား ကာလ မြို့နယ်တရားရုံးများ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့မှုများ ရှိသည်ဟု NUGက ထုတ်ပြန်ထားပြီး အသေးစိတ်အခြေအနေကို ဖော်ပြမထားပေ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် တရား စီရင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ် ၁၅ခု၌ မြို့နယ်တရားသူကြီးအဖွဲ့များကို ခန့်အပ်၍ စက်ရှင်တရားစီရင်ရေးအာဏာများ အပ်နှင်းလိုက်ကြောင်းယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ အမိန့်ထုတ်ပြန်ခဲ့သည်။

ယာယီသမ္မတ၏ အမိန့်ကြေညာစာ၌ ဖော်ပြထားသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့် ၊ ကနီ၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦး၊ တမူး၊ ယင်းမာပင် မြို့နယ်များဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များ မပါဝင်သေးပေ။

မေလ ၁၇ရက်က ကျင်းပခဲ့သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် တရားရေးဝန်ကြီးဌာနက ကြား ကာလ မြို့နယ်တရားရုံးများ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့မှုများ ရှိသည်ဟု NUGက ထုတ်ပြန်ထားပြီး အသေးစိတ်အခြေအနေကို ဖော်ပြမထားပေ။

လက်ရှိ တော်လှန်ရေးသည်အရေးကြီးသော အဆင့်ဖြစ်သည့် စိုးမိုးထိန်းချုပ် နယ်မြများရယူကာ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးစနစ်များ ဖောင်ဆာင်နေသည့် အဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း NUGက ထုတ်ပြန်ထားပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းများကို စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ စတင်အကောင်အထည်ဖော်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

နယ်မြေစိုးမိုးမှု ရရှိပြီးဒေသများအတွင်း တရားဥပဒေစိုးမိုးမှုရှိရန် အရေးကြီးကြောင်း တရားရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဧပြီ ၃၀ရက်ကပြုလုပ်သည့် တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် တရား သူကြီးအဖွဲ့များ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

တရားရုံးများ တည်ထောင်ရန်နှင့် တရားသူကြီးအဖွဲ့များ ဖွဲ့စည်းနိုင်ရန်မှာ အခက်အခဲများစွာရှိနိုင်သော်လည်း ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တရားမျှတမှုများ ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။