Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ မရမ်းကုန်းနှင့် လှိုင်တွင် ပစ်ခတ်၊ ​ပေါက်ကွဲမှုဖြစ်

“(၈)မိုင်တံတားမှာ ပစ်ခတ်သံတွေကြားနေရတယ်။ လမ်းကြောင်းတွေလည်း အတော်ပိတ်ပါတယ်။ YBS စီးရင်း ဘူမသိကိုးမသိ ဝပ်နေလိုက်ရတယ်”ဟု ခရီးသွားပြည်သူတစ်ဦးက ကိုယ်တွေ့ကြုံရပုံကို ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် ပစ်ခတ်မှုဖြစ်ပြီး ပေါက်ကွဲမှုများလည်းဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

အဆိုပါပေါက်ကွဲမှုများမှာ ယနေ့နံနက် ၈ နာရီ ၄၅ခန့်က မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး သေနတ်ပစ်ခတ်သံများလည်း ကြားရကြောင်း မျက်မြင်ကြုံတွေ့ရသူများက ပြောသည်။

“(၈)မိုင်တံတားမှာ ပစ်ခတ်သံတွေကြားနေရတယ်။ လမ်းကြောင်းတွေလည်း အတော်ပိတ်ပါတယ်။ YBS စီးရင်း ဘူမသိကိုးမသိ ဝပ်နေလိုက်ရတယ်”ဟု ခရီးသွားပြည်သူတစ်ဦးက ကိုယ်တွေ့ကြုံရပုံကို ပြောသည်။

အခင်းဖြစ်ရပ်အနီး နေထိုင်သူတစ်ဦးကမူ (၈)မိုင်လမ်းဆုံစစ်ရုံးအနီး လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်သည်နှင့် သေနတ်သံပေးလိုက်ဖြင့် ပေါက်ကွဲမှုနှစ်ကြိမ်စလုံးတွင် အေးအေးဆေးဆေးရှိနေ၍ ၎င်းတို့လက်ချက်သာဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့နံနက် ၉ နာရီကျော်က ရန်ကုန်မြို့လှိုင်မြို့နယ်လျှပ်စစ်မန်​နေဂျာရုံး(EPC)အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုပေါက်ကွဲမှုကြောင့် ဖယ်ရီကားဖြင့်ရောက်လာသည့် လျှပ်စစ်ဝန်ထမ်း Non-CDM အချို့ ဖယ်ရီကားပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည့်အပြင် မီတာခဆောင်ရန် ရောက်ရှိနေသူများလည်း အလန့်တကြား ပြေးလွှားတိမ်း​ရှောင်မှုများရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။