Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က မြိုင်မြို့နယ်တွင်စစ်​ကြောင်းထိုး၍ ဆက်လက်ဖျက်ဆီး၊ လူငယ်တစ်ဦးကို ပစ်သတ်သွား

“ရွာထဲက ပရဟိတ ကားတစ်စီးကို မီးရှို့ဖျက်ဆီးပြီး ဖောကားတစ်စီးကိုလည်း လုယက်ယူဆောင်သွားတယ်။ ရွာထဲက လုယက်လာသမျှ ပစ္စည်းတွေကို အဲဒီကားနဲ့ တင်သွားတယ်။”ဟု မြိုင်နယ်ခံတစ်ဦးက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့​သော​​ကျေးရွာများမှနေအိမ်များ နှင့် စစ်တပ်စခန်းချခဲ့​သော​နေရာ၊ ပစ္စည်းများလုယက်ယူ​ဆောင်သွားပြီး​နောက်မြင်ကွင်းများ။ ဓါတ်ပုံ-CJ)

​မေလသုံးပါတ်အတွင်းမြိုင်တွင် ​ကျေးရွာ ၆ရွာမှ​နေအိမ်​ပေါင်းရာချီမီးရှို့ဖျက်ဆီးထား

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်စစ်​ကောင်စီတပ်ကကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေပြီး လူငယ်တစ်ဦးအား​သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

မြိုင်မြို့နယ်အနောက်ပိုင်းတွင်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များသည်ယမန်နေ့ (မေလ ၂၁ ရက်နေ့)က ဆင်စိန်ရွာမှ အသက် ၂၀ အရွယ်လူငယ်တစ်ဦးကို ပစ်သတ်သွားပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာသို့ အင်အားတစ်ရာခန့်ဖြင့် ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ရွာထဲရှိဈေးဆိုင်များအတွင်းသို့ တံခါးများကို ဖျက်ဆီးဝင်ရောက်ကာ အဖိုးတန်ပစ္စည်းမှန်သမျှကို လုယက်ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ရွာထဲက ပရဟိတ ကားတစ်စီးကို မီးရှို့ဖျက်ဆီးပြီး ဖောကားတစ်စီးကိုလည်း လုယက်ယူဆောင်သွားတယ်။ ရွာထဲက လုယက်လာသမျှ ပစ္စည်းတွေကို အဲဒီကားနဲ့ တင်သွားတယ်။”ဟု မြိုင်နယ်ခံတစ်ဦးက ပြောသည်။

ထို့အပြင် ဘောင့်ဘင်ရွာနှင့် ခွေးမွှေးရွာအနီးရှိကြက်ခြံများနှင့် နေအိမ်အချို့ကိုလ​ည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ကျောက်ခွက်ရေနံမြေဘက်သို့ စစ်ကြောင်းထိုးမည်ဟု ခန့်မှန်းရပါသဖြင့် ရေနံမှော်ဘက်မှ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် မြိုင်ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီတပ်များသည် မြိုင်မြို့နယ်အတွင်း မေလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျေးရွာ ၆ရွာမှနေအိမ်ရာချီ မီးရှို့ဖျက်ဆီးထားကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။