Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့​ပေါ်တိုက်ပွဲစစ်​​ကောင်စီတပ်၆ ဦး​သေပြီး​နောက် ​နေအိမ်များကိုမီးရှို့

မေ ၂၃ ရက် မနက် ၆နာရီမှ နေ့လယ် ၂နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်မှာ ၆ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟုCDFကထုတ်ပြန်ထားသည်။ CDF (ထန်တလန်) ဘက်မှ ရဲဘော် ၄ ဦး အလွန်မပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည်ဟုလည်းပါရှိသည်။

(​နေအိမ်များမီး​လောသ်​နေသည်ကို အ​ဝေးမှမြင်ရစဥ်။ ဓါတ်ပုံ-The Chinland Post)

ထန်တလန်မြို့တွင်းတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီတပ် ၆ ဦးသေဆုံးပြီး​နောက် စစ်တပ်ကမီးမလောင်သေးသည့်နေအိမ်များကို မီးရှို့ခဲ့ကြောင်းချင်းပြည်ကာကွယ်ရေးတပ်(CDF-ထန်တလန်)ကသတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မေ ၂၃ ရက်က ထန်တလန်မြို့ အမှတ် ၁ ရက်ကွက်ကို ထိုးစစ်ဆင်လာခြင်းကြောင့် CDF(ထန်တလန်) နှင့် ၈နာရီကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

မေ ၂၃ ရက် မနက် ၆နာရီမှ နေ့လယ် ၂နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်မှာ ၆ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟုCDFကထုတ်ပြန်ထားသည်။ CDF (ထန်တလန်) ဘက်မှ ရဲဘော် ၄ ဦး အလွန်မပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည်ဟုလည်းပါရှိသည်။

(​နေအိမ်များမီး​လောသ်​နေသည်ကို အ​ဝေးမှမြင်ရစဥ်။ ဓါတ်ပုံ-The Chinland Post)

စစ်ကောင်စီတပ်များသည် အမှတ် (၁ )ရက်ကွက်အတွင်း အိမ်တိုင်းနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများစု မီးလောင်ပြာကျခဲ့သည်ဟုလည်း CDF(ထန်တလန်)က ဆိုထားသည်။ မီး​လောင်​သော အရေအတွက်ကို စာရင်းမကောက်နိုင်သေးကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မေ ၂၃ ရက်ကတည်းက မီးရှို့ခဲ့ပြီး မေ ၂၄ ရက်အထိ မီးတောက်နှင့် မီးခိုးများကိုအ​ဝေးမှလှမ်းမြင်နေရသည်ဟု ဒေသခံများကပြောသည်။

“ဒီတခါတော့ ကျွန်မတို့ အိမ်လေးပါသွားတာသေချာပြီ။ အိမ်မီးလောင်တာကြည့်ပြီး ဒီထပ်ပိုပြီး ဆုံးရှုံးစရာဘာမှ မရှိတော့ဘူးခံစားရတယ်။ ”ဟု ထန်တလန်မြို့ခံတဦးကပြောသည်။
စစ်ကောင်စီတပ်က အမြောက်များနှင့်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ​ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ​မေ ၂၃ ရက်အထိ မီးရှို့ခဲ့သည်မှာ ၂၈ ကြိမ်ရှိပြီး စုစုပေါင်း ​နေအိမ်​ပေါင်း ၁၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ထန်တလန်မြို့ကို စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့ခဲ့ခြင်းကြောင့် မြို့ခံတစ်သောင်းကျော်သည် နီးစပ်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများနှင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook