Connect with us

Hi, what are you looking for?

News

နယ်စပ်က လိုဏ်ဂူတစ်ခုထဲမှာ မြန်မာလုပ်သားတွေဖမ်းမိ

ဖမ်းမိထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထာ့ဆောက်ရမ်းမြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်ပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မဲဆောက်မီဒီယာရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုး နည်းလမ်းအမျိုးမျိုးနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဒီကနေ့မနက်မှာ ထိုင်းအာဏာပိုင်က နယ်စပ်တနေရာမှာရှိတဲ့ လိုဏ်ဂူတခုအတွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ထာ့ဆောင်မြို့နယ်ထဲက လိုဏ်ဂူထဲမှာ ပုန်းခိုနေထိုင်တဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၅ ဦး အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၅ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ ဂူထဲမှာပုန်းခိုနေထိုင်တာ ရက်ပေါင်းအတန်ကြာပြီလို့လည်း လို့ မဲဆောက်မီဒီယာထံကနေ သိရပါတယ်။

ထာ့ဆောက်ရမ်းမြို့နယ် မဲ့၀လိုဝမ်တိုက်နယ် တောထဲမှာရှိတဲ့ အဆိုပါလိုဏ်ဂူဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားမဝင်လမ်းကြောင်းကနေ ပို့ဆောင်ပေးမယ့် လူကုန်ကူးသူတွေရဲ့ ခရီးတထောက်နားခိုရာစခန်းအဖြစ် အသုံးပြုနေတဲ့နေရာလည်းဖြစ်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်အရ သိရပါတယ်။

ဖမ်းမိထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထာ့ဆောက်ရမ်းမြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်ပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မဲဆောက်မီဒီယာရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဥထုံဌာနီခရိုင်က စစ်ဆေးရေးဂိတ်မှာ မောင်းနှင်ထွက်ပြေးတဲ့ မြန်မာလုပ်သား ၁၅ဦးခိုးတင်ဆောင်လာတဲ့ ကားဟာ အဝေးပြေးရဲတပ်ဖွဲ့ကားနဲ့ တိုက်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ပရောက်မြန်မာအလုပ်သမားတွေကိုအတင်းအကျပ်ငွေပြန်လွှဲခိုင်းတဲ့ နည်းလမ်းဟာအာဏာသိမ်းမြန်မာစစ်တပ်အတွက်နိုင်ငံခြားငွေကြေး စုဆောင်းရရှိမှုပင်မအရင်းအမြစ်ဖြစ်လာတယ်လို့ သိရပါတယ်။