Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းနယ်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငါးရက်အတွင်း ဒေသခံပြည်သူ ခြောက်ဦးသေဆုံး

ဒီပဲယင်းမြို့နယ်တွင် ယခုနှစ် မတ်လ ၅ ရက်မှ ဧပြီလကုန်အထိ အိမ်ပေါင်း ၁၆၇ အိမ် မီးရှို့ဖျက်ဆီးခံထားရကြောင်း ​ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(ဒီပဲယင်းမြို့နယ် ကျေးရွာငါးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငါးရက်အတွင်း ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ကျေးရွာ ၅ရွာမှ နေအိမ် ၁၅၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်သည် ယခုမေလ ၁၉ရက်မှစတင်ကာ စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်ခဲ့သည်။

မေလ ၁၉ ရက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပေါက်သာကျေးရွာမှ ပြည်သူ ငါးဦး၊ သရက်တောကျေးရွာမှ ပြည်သူ တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး ငါး ဦးသေဆုံးခဲ့ကြောင်း၊ ခွင့်တောင်းကျေးရွာမှ ပြည်သူတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

ထိုနေ့တွင်ပင် သရက်တောကျေးရွာရှိ နေအိမ် ၂၂လုံး၊ ခွင့်တောင်းကျေးရွာရှိ နေအိမ် ၃ လုံး၊ မေလ ၂၀ရက်တွင် ပင်စည်ကျေးရွာ ၃၉ လုံး၊၂၂ ရက်တွင် နဂါးတွင်းကျေးရွာ ၄၅ လုံး၊ ၂၃ ရက်တွင် အင်ပင်-ယဒင် ကျေးရွာနေအိမ် ၄၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ငါးရက်အတွင်း‌ကျေးရွာ (၅)ရွာမှ ပြည်သူ့နေအိမ် ၁၅၀ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ယခုနှစ် မတ်လ ၅ ရက်မှ ဧပြီလကုန်အထိ အိမ်ပေါင်း ၁၆၇ အိမ် မီးရှို့ဖျက်ဆီးခံထားရကြောင်း ​ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

သံကလောင်ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ နေ့လယ်ပိုင်း၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

မိုးမိတ်မြို့၊ နမ့်မိတ်ချောင်းတံတားအနီးတွင် သပုပ်ပွနေသော ပိုင်ရှင်မဲ့ ရုပ်အလောင်းနှစ်လောင်းကို ယမန်နေ့(ဧပြီလ၄ရက်) နေ့လယ်က တွေ့ရှိခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုဝင်ဘာ ၁၃ရက်က ရခိုင်ပြည်နယ်၌ AAက စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေချိန်၌ အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်းများပြုလုပ်နေသည်ဟု AA က သတိပေးသည်။

သတင်း

မိုးဗြဲမြို့အတွင်း တစ်နှစ်ကျော်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီသည် လူနေရပ်ကွက်များအတွင်း နင်းမိုင်း ရာနှင့်ချီအသုံးပြုထားသည်ဟု ဆိုသည်။