Connect with us

Hi, what are you looking for?

News

ဒီပဲယင်းနယ်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငါးရက်အတွင်း ဒေသခံပြည်သူ ခြောက်ဦးသေဆုံး

ဒီပဲယင်းမြို့နယ်တွင် ယခုနှစ် မတ်လ ၅ ရက်မှ ဧပြီလကုန်အထိ အိမ်ပေါင်း ၁၆၇ အိမ် မီးရှို့ဖျက်ဆီးခံထားရကြောင်း ​ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(ဒီပဲယင်းမြို့နယ် ကျေးရွာငါးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငါးရက်အတွင်း ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ကျေးရွာ ၅ရွာမှ နေအိမ် ၁၅၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်သည် ယခုမေလ ၁၉ရက်မှစတင်ကာ စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်ခဲ့သည်။

မေလ ၁၉ ရက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပေါက်သာကျေးရွာမှ ပြည်သူ ငါးဦး၊ သရက်တောကျေးရွာမှ ပြည်သူ တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး ငါး ဦးသေဆုံးခဲ့ကြောင်း၊ ခွင့်တောင်းကျေးရွာမှ ပြည်သူတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

ထိုနေ့တွင်ပင် သရက်တောကျေးရွာရှိ နေအိမ် ၂၂လုံး၊ ခွင့်တောင်းကျေးရွာရှိ နေအိမ် ၃ လုံး၊ မေလ ၂၀ရက်တွင် ပင်စည်ကျေးရွာ ၃၉ လုံး၊၂၂ ရက်တွင် နဂါးတွင်းကျေးရွာ ၄၅ လုံး၊ ၂၃ ရက်တွင် အင်ပင်-ယဒင် ကျေးရွာနေအိမ် ၄၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ငါးရက်အတွင်း‌ကျေးရွာ (၅)ရွာမှ ပြည်သူ့နေအိမ် ၁၅၀ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ယခုနှစ် မတ်လ ၅ ရက်မှ ဧပြီလကုန်အထိ အိမ်ပေါင်း ၁၆၇ အိမ် မီးရှို့ဖျက်ဆီးခံထားရကြောင်း ​ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။