Connect with us

Hi, what are you looking for?

News

နေပြည်တော် က ပုဂ္ဂလိကကျောင်း ၁၆ ကျောင်းကို စစ်ကောင်စီပိတ်သိမ်း

ပိတ်သိမ်းခံရတဲ့ အထဲ ပျဉ်းမနား ၊တပ်ကုန်း ၊ ဇမ္ဗူသီရိ၊ဥတ္တရသီရိမြို့နယ်တွေမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေပါဝင်ကြပါတယ်။

ဓာတ်ပုံ − ရိုက်တာ

စစ်ကောင်စီစစ်ရုံးချုပ် အခြေစိုက်တဲ့ နေပြည်တော်မှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၁၆ကျောင်းကို နိုင်ငံရေးကင်းရှင်းမှုမရှိဘူးဆိုတဲ့စွပ်စွဲချက်နဲ့ ပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်။

လိုင်စင်သက်တမ်းတိုးဖို့ ရှိနေတဲ့ ကျောင်း ၇ ကျောင်းနဲ့ သက်တမ်းကျန်ရှိနေတဲ့ ကျောင်း ၉ ကျောင်း စုစုပေါင်း ပုဂ္ဂလိကကျောင်း ၁၆ ကျောင်းကိုစစ်အုပ်စုက ပိတ်သိမ်းလိုက်တာပါ။

ဒီလိုပိတ်သိမ်းနိုင်ဖို့ စစ်ကောင်စီကအကြောင်းပြ တဲ့ နိုင်ငံရေးကင်းရှင်းမှုမရှိဘူးဆိုတဲ့အချက်ဟာ NLDပါတီနဲ့ဆက်နွယ်တဲ့အတွက် ဖြစ်နိုင်တယ်လို့ နေပြည်တော်က သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

ပိတ်သိမ်းခံရတဲ့ အထဲ ပျဉ်းမနား ၊တပ်ကုန်း ၊ ဇမ္ဗူသီရိ၊ဥတ္တရသီရိမြို့နယ်တွေမှာရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေပါဝင်ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ပိတ်သိမ်းခံရတဲ့ ကျောင်းတွေမှာ နာမည်ကြီး ပုဂ္ဂလိကကျောင်းတွေ လည်းပါတယ်လို့ နေပြည်တော် ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေမှာ မထားရှိချင်တဲ့ မိဘတွေအတွက် အခုလို ပုဂ္ဂလိကကျောင်းတွေ ပိတ်သိမ်းခံရလိုက်ရတာဟာ အခက်အခဲဖြစ်စေတယ်လို့ နေပြည်တော်မှာ ၁၀ စု နှစ်တစ်ခုနီးပါး နေထိုင်နေတဲ့ ကျောင်းသား မိဘတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို ဝါဒဖြန့်နေကြတဲ့ဖေ့ဘွတ်ခ်အကောင့်တွေမှာတော့ စစ်ကောင်စီက ဖွင့်တဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ကျောင်းသူတွေများပြားလာဖို့အတွက် ပုဂ္ဂလိကကျောင်းတွေကို စိစစ်ပိတ်ပစ်တာတွေလုပ်ဖို့ ဆော်သြနေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။