Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်အိမ် ရှယ်ယာ ​ဒေါ်လာ ၆ သန်းဖိုး​ရောင်းပြီး

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့် မေလ ၅ ရက်မှစတင်ရောင်းချနေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင်းမင်းအောင်လှိုင်၏ ရန်ကုန်မြို့ အင်းယားလမ်းမှအိမ်ကိုရှယ်ယာစနစ်ဖြင့် ရောင်းချရာတွင် ဒေါ်လာ ၆သန်းဖိုးရောင်းချပြီးဖြစ်သည်ဟု အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအချိန်အထိ ဝယ်ယူသူ ဦးရေ ၉၀၀၀ကျော်ရှိပြီး ဒေါ်လာ တစ်သောင်းဖိုးအထက်ဝယ်ယူသူ အယောက် ၂၀၀ကျော်ရှိပြီး ၊ တစ်ဦးတည်း အ​စောင် ၂၀၀၀ (​ဒေါ်လာ နှစ်သိန်းဖိုး) ဝယ်ယူသူများလည်းရှိသည်ဟု NUG သတင်းရင်းမြစ်အချို့က​ပြောသည်။

ထိုရောင်းရငွေများကို တော်လှန်ရေးအတွက် အရေးကြီးနေရာများတွင် တိုက်ရိုက်အသုံးပြုနေခြင်းဖြစ်​ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး၊ ဦးတင်ထွန်းနိုင်ကပြောထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့် မေလ ၅ ရက်မှစတင်ရောင်းချနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နှစ်ဧကခန့် ကျယ်ဝန်းသော အင်းလျားလမ်းရှိ အာဏာသိမ်းခေါင်းဆောင်ပိုင်ဆိုင်သည့် ခြံအမှတ် ၁၄ နေအိမ်ကို အမျိုးသား ညီညွတ်ရေး အစိုးရ၏ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ ရာဖြတ်အဖွဲ့က ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၃၆ သန်းဟု သတ်မှတ်ခဲ့သည်။ ထိုကာလတန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၁၀ သန်းကို တစ်စုလျှင် ​ဒေါ်လာ၁၀၀ တန်ဖိုးရှိအစုရှယ်ယာတစ်သိန်းသတ်မှတ်ပြီး ရောင်းချနေခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် စစ်​ခေါင်း​ဆောင် မင်းအောင်လှိုင်အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် ​နေအိမ်လေးလုံးရှိပြီး ၎င်းတို့ကို ဆက်လက် လေလံတင်ရောင်းချသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သရော်စာ

သင်တို့ဆီကို သူလာနေပြီ။ သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင်မီးဟုန်းဟုန်းတောက်လောင်တဲ့ မြန်မာပြည်ဖွား ဗြဟ္မာ့ဦးခေါင်းကြီး သင်တို့ထံ လာနေပြီဖြစ်တဲ့အကြောင်း အချိန်မီ အသိပေးပါတယ်။ သတိကြီးကြီးထားကြဖို့ပါ။