Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း – ရွှေဘို လမ်းပိုင်းပေါ်တွင် စစ်ကောင်စီ၏ ၁၀ ဘီးကား မိုင်းဆွဲခံရပြီးမီးလောင်ပျက်စီး

စစ်ကောင်စီ ရိက္ခာနှင့်လူများသယ်ဆောင်လာသည့် ၁၀ ဘီးကား ငါးစီးအနက် ယာဉ်တန်းမှ စစ်ကောင်စီတပ် သားများပါရှိသော နောက်ဆုံးကားကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

(အရပ်သားများကားအသွင် ပုံစံပြောင်းထားသည့် အကြမ်းဖက်စစ်တပ်၏ ၁၀ဘီးယာဥ်များဖြစ်သည်။)

စစ်ကိုင်း – ရွှေဘို လမ်းပိုင်းပေါ်တွင် စစ်ကောင်စီ၏ ၁၀ ဘီးကား မိုင်းဆွဲခံရပြီး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး (SGG)က ယနေ့(မေ ၂၇ ရက်)ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှုကို ယမန်နေ့ (မေ ၂၆ရက်) ည ၁၀နာရီ ခွဲခန့်က နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ၁၀ဘီးကား ငါးစီးကို စစ်ကိုင်းမြို့နယ် ကျော်ဇေယျာနှင့် ချိုင်းကြီး​ကျေးရွာကြားတွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ ရိက္ခာနှင့်လူများသယ်ဆောင်လာသည့် ၁၀ ဘီးကား ငါးစီးအနက် ယာဉ်တန်းမှ စစ်ကောင်စီတပ် သားများပါရှိသော နောက်ဆုံးကားကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

“ဒီကောင်တွေ ပြန်ပစ်ချိန်တောင်မရဘူး ကားက မီးလောင်သွားတာ၊ ဆားတောင်ဘက်ကနေ ဒိုင်နာ ၂စီးနဲ့လာပြီး မီးလောင်သွားတဲ့ကားပေါ်က ကျန်ခဲ့တဲ့ ပစ္စည်းတွေလာသယ်သွားတယ်၊ အဲ့ကျမှ သေနတ်တွေဖောက်ပြီး သယ်သွားကြတာ”ဟု တိုက်ခိုက်မှုတွင် ပါဝင်သူများ ၏ ပြောကြားချက်ကို SGGက ​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲခံရသည့် ယာဥ်ပေါ်မှ စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဟုလည်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ (၃၃)လက် အောက်ခံ ခလရ – ၄၂ တပ်ရင်းမှ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် စစ်ကားသုံးစီးပါရှိသည့် ယာဥ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက်နည်းလမ်းများစွာပိုမိုအသုံးပြုလာသော ကြောင့် စစ်ဘေးရှောင်ရသည့် ပြည်သူအရေအတွက်မှာ ယခုလအတွင်း တစ်သိန်းကျော်အထိ မြင့်တက်လာနေသည်ဟု ဒေသတွင်းလူမှုကူညီရေးအဖွဲ့များက ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။