Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီမှ ပြည်သူ့အခြေပြုကျောင်းအသိအမှတ်ပြုလျှောက်လွှာ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်

လက်ရှိအခြေအနေတွင် ကြားကာလပညာရေးနှင့်ပတ်သက်ပြီး KSCC ပညာရေးကော်မတီက FOEIM-Free Online Educational Institution Myanmar အားကယားပြည်နယ် (ကရင်နီဒေသ)အတွင်း ပညာရေးဆိုင်ရာလုပ်ငန်းများအားချိတ်ဆက်ဆောင်ရွက်ရန်အသိအမှတ်ပြုထားသည်။

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် PDFများထိန်းချုပ်ရာ​ဒေသတွင် ကြားကာလပညာ​ရေးစနစ်ဖြင့်ပညာသင်ကြားပြီး ​ကျောင်းဆင်းပွဲနှင့်ပြိုင်ပွဲတွင်ဝသ်​ရောက်ဆင်နွှဲ​နေ​သောက​လေးငယ်များ။ ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ)

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)မှ ပြည်သူ့အခြေပြုကျောင်းအသိအမှတ်ပြုလျှောက်လွှာလျှောက်ထားနိုင်ရန် ဖိတ်ခေါ်ကြောင်း အသိပေးထုတ်ပြန်သည်။

KSCC ပညာရေးကော်မတီမှ ကရင်နီပြည်နယ်အတွင်းရှိ ကျောင်းများအား ပြည်သူ့အခြေပြု​ကျောင်းအဖြစ် အသိအမှတ်ပြု​နိုင်ရန်နှင့် ပြည်နယ်အတွင်း ပညာရေးလုပ်ငန်းအား ပုံစံအမျိုးမျိုးဖြင့် အကောင်အထည်ဖော်နိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် PDFများထိန်းချုပ်ရာ​ဒေသတွင် ကြားကာလပညာ​ရေးစနစ်ဖြင့်ပညာသင်ကြားပြီး ​ကျောင်းဆင်းပွဲနှင့်ပြိုင်ပွဲတွင်ဝသ်​ရောက်ဆင်နွှဲ​နေ​သောက​လေးငယ်များ။ ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ)
(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် PDFများထိန်းချုပ်ရာ​ဒေသတွင် ကြားကာလပညာ​ရေးစနစ်ဖြင့်ပညာသင်ကြားပြီး ​ကျောင်းဆင်းပွဲနှင့်ပြိုင်ပွဲတွင်ဝသ်​ရောက်ဆင်နွှဲ​နေ​သောက​လေးငယ်များ။ ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂ)

ပြည်သူ့အခြေပြုကျောင်းအသိအမှတ်ပြု လျှောက်လွှာပုံစံတွင် ကျောင်း(သို့မဟုတ်)အဖွဲ့အစည်းအမည်၊ အ​ခြေစိုက်ဒေသ၊ CDM ဆရာ၊ ဆရာမဦးရေ၊​စေတနာ့ဝန်ထမ်း- Volunteer ဦးရေစသည့် အချက်များအပါအဝင် အချက်လက်ဖြည့်သွင်းရမည့် နံပါတ်စဥ် ၂၂ ခုဖော်ပြထားသည်။

အဆိုပါအချက်အလက်များတွင် သင်ရိုးညွှန်း တမ်းများသည် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဒေသ၏လိုအပ်ချက်နှင့်ကိုက်ညီသောသင်ရိုး၊ မိခင်ဘာသာစကားအခြေပြုသင် ရိုး၊ စစ်ဆေးအကဲဖြတ်မှုပုံစံနှင့် အမျိုးအစားစသည့်တို့ကိုလည်း ဖြည့်သွင်းရန် ထုတ်ပြန်ချက်တွင် ပါဝင်သည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် ကြားကာလပညာရေးနှင့်ပတ်သက်ပြီး KSCC ပညာရေးကော်မတီက FOEIM-Free Online Educational Institution Myanmar အားကယားပြည်နယ် (ကရင်နီဒေသ)အတွင်း ပညာရေးဆိုင်ရာလုပ်ငန်းများအားချိတ်ဆက်ဆောင်ရွက်ရန်အသိအမှတ်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook