ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)မှ ပြည်သူ့အခြေပြုကျောင်းအသိအမှတ်ပြုလျှောက်လွှာလျှောက်ထားနိုင်ရန် ဖိတ်ခေါ်ကြောင်း အသိပေးထုတ်ပြန်သည်။
KSCC ပညာရေးကော်မတီမှ ကရင်နီပြည်နယ်အတွင်းရှိ ကျောင်းများအား ပြည်သူ့အခြေပြုကျောင်းအဖြစ် အသိအမှတ်ပြုနိုင်ရန်နှင့် ပြည်နယ်အတွင်း ပညာရေးလုပ်ငန်းအား ပုံစံအမျိုးမျိုးဖြင့် အကောင်အထည်ဖော်နိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပြည်သူ့အခြေပြုကျောင်းအသိအမှတ်ပြု လျှောက်လွှာပုံစံတွင် ကျောင်း(သို့မဟုတ်)အဖွဲ့အစည်းအမည်၊ အခြေစိုက်ဒေသ၊ CDM ဆရာ၊ ဆရာမဦးရေ၊စေတနာ့ဝန်ထမ်း- Volunteer ဦးရေစသည့် အချက်များအပါအဝင် အချက်လက်ဖြည့်သွင်းရမည့် နံပါတ်စဥ် ၂၂ ခုဖော်ပြထားသည်။
အဆိုပါအချက်အလက်များတွင် သင်ရိုးညွှန်း တမ်းများသည် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဒေသ၏လိုအပ်ချက်နှင့်ကိုက်ညီသောသင်ရိုး၊ မိခင်ဘာသာစကားအခြေပြုသင် ရိုး၊ စစ်ဆေးအကဲဖြတ်မှုပုံစံနှင့် အမျိုးအစားစသည့်တို့ကိုလည်း ဖြည့်သွင်းရန် ထုတ်ပြန်ချက်တွင် ပါဝင်သည်။
လက်ရှိအခြေအနေတွင် ကြားကာလပညာရေးနှင့်ပတ်သက်ပြီး KSCC ပညာရေးကော်မတီက FOEIM-Free Online Educational Institution Myanmar အားကယားပြည်နယ် (ကရင်နီဒေသ)အတွင်း ပညာရေးဆိုင်ရာလုပ်ငန်းများအားချိတ်ဆက်ဆောင်ရွက်ရန်အသိအမှတ်ပြုထားသည်။
