Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်သာယာမြို့နယ်ရှိ တပ်မတော်အထည်ချုပ်စက်ရုံကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း HRDF အဖွဲ့သားအားလုံးဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - HTY Information III
ဓာတ်ပုံ - HTY Information III

အကြမ်းဖက်စစ်ကောင်စီများ အခိုင်အမာတပ်စွဲထားသည့် လှိုင်သာယာမြို့နယ်ရှိ တပ်မတော်အထည်ချုပ်စက်ရုံကို ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Hlaing Thar Yar Region Defense Force(HRDF)က‌ အသိပေးထားသည်။

မေလ ၃၁ရက် နံနက် ၅နာရီ ၂၅မိနစ်တွင် ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှအထိအခိုက်ကို မသိရသေးကြောင်း HRDFက ဆိုသည်။

Public Service Announcement

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း HRDF အဖွဲ့သားအားလုံးဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုသည် ရန်ကုန်မြို့ပြပြောက်ကျား ရဲဘော်များကို မတရားဖမ်းဆီးသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီအား စတင်လက်တုန့်ပြန်ခြင်းဖြစ်ပြီး ဆက်လက်၍ ဒေသခံမိတ်ဖက်တော်လှန် ရေးအင်အားစုများဖြင့်ပူးပေါင်းကာ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများပြုလုပ်မည်ဟု HRDFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။