Connect with us

Hi, what are you looking for?

သတင်း

နယူးမြန်မာဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသား ၂၅၀ အား ခြောက်လငွေကြေးထောက်ပံ့မည်

အဆိုပါ ငွေကြေးထောက်ပံ့မှုအစီအစဥ်ကို ခြောက်လဆက်တိုက်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး နိုင်/ကျဥ်းတစ်ဦးကို တစ်လလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ကူညီပေးမည် ဖြစ်သည်။

Update News
Update News

New Myanmar Foundation(နယူးမြန်မာဖောင်ဒေးရှင်း)က နိုင်ငံရေးအကျဥ်းသား ၂၅၀အားရွေးချယ်ပြီး လစဥ်ငွေကြေးထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန် သည်။

အဆိုပါ ငွေကြေးထောက်ပံ့မှုအစီအစဥ်ကို ခြောက်လဆက်တိုက်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး နိုင်/ကျဥ်းတစ်ဦးကို တစ်လလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ကူညီပေးမည် ဖြစ်သည်။

ထို့ကြောင့် ငွေကြေးအကူအညီရယူလိုသော မိသားစု၊ မိတ်ဆွေများအနေဖြင့် လျှောက်လွှာများကို ဇွန်လ ၁၅ ရက်နောက်ဆုံးထား၍ ဖြည့်သွင်းပေးပို့ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လျှောက်လွှာတင်ပေးမည့်သူသည် ခံစားခွင့်လျှောက်ထားသောနိုင်ငံရေးအကျဉ်းသားအတွက် ထောင်ဝင်စာပုံမှန်တွေ့ပေးနေသူမိသားစုဝင်တစ်ဦး(သို့မဟုတ်) အကျဉ်း သား၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်မိတ်ဆွေအရင်းအချာ ဖြစ်ရမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ငွေကြေးပံ့ပိုးကူညီမှုအစီအစဥ်နှင့်ပတ်သက်ပြီး မရှင်းလင်းပါက အသေးစိပ်သိလိုသည်များကို ကိုကောင်းကောင်း Telephone & Signal : +66 908910089 သို့ BKK စံတော်ချိန်

(09:00AM – 17:30 PM) ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဒီကနေ့ကဆုန်လပြည့်နေ့မှာ အကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေမဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။