Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းရဲစခန်းမှ ဒုတပ်ကြပ်ရဲမေတစ်ဦး KDFထံခိုလှုံ

ခိုလှုံလာသော ဒုတပ်ကြပ် ကိုယ်ပိုင်အမှတ် လ – ၂၇၂၈၁၇ မဝီတိုရီယ(ခ)သိုးကလေးသည် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို မခံနိုင်သည်မှာကြာခဲ့ပြီး ထွတ်ခွာရန် နည်းလမ်းမျိုးစုံသုံး၍ ထွက်လာရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။

KDF
KDF

ရှမ်းပြည်နယ် ပင်လောင်းရဲစခန်းမှ ဒုတပ်ကြပ်ရဲမေတစ်ဦး ခိုလှုံခွင့်တောင်းခံသောကြောင့် သွား ရောက်ခေါ်ဆောင်နိုင်ခဲ့သည်ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့က ကျွန်တော်တို့နဲ့ ချိတ်ဆက်လို့ ချက်ချင်းသွားခေါ်တယ်။ဒီနေ့ ကျွန်တော်တို့စခန်းကို ရောက်တယ်”ဟု KDF တာဝန်ရှိသူက People’s Springသို့ပြောသည်။

ခိုလှုံလာသော ဒုတပ်ကြပ် ကိုယ်ပိုင်အမှတ် လ – ၂၇၂၈၁၇ မဝီတိုရီယ(ခ)သိုးကလေးသည် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို မခံနိုင်သည်မှာကြာခဲ့ပြီး ထွတ်ခွာရန် နည်းလမ်းမျိုးစုံသုံး၍ ထွက်လာရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။

“သူ့ဆီမှာ လက်နက်တော့ပါမလာဘူး။သူကိုယ်တိုင်လည်း ယူချင်ပေမယ့် အခြေအနေမပေးဘူးဆိုတာသိရတယ်။အခုတောင် နည်းမျိုးစုံသုံးပြီး ကျွန်တော်တို့နဲ့ချိတ်ဆက် နိုင်ခဲ့တာ”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒုတပ်ကြပ် ရဲမေကို ကရင်နီဒီမိုကရက်တစ်တပ်ဦးထံမှ ပြည်သူ့ရင်ခွင်ဆီ သို့ ပို့ဆောင်လွဲပြောင်းပေးမည်ဖြစ်ပြီး ခုချိန်တွင်လည်း လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

ထိုကဲ့သို့ ဝင်ရောက်ခိုလူံလာမည့် စစ်သား နှင့်ရဲများအား လက်နက်များယူဆောင်လာနိုင်ပါက သိန်း ၃၀ဆု ချီးမြင့်မည်ဖြစ်ပြီး မယူဆောင်လာပါကလည်း စိစစ်၍ လုံခြုံအောင်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း KDFက ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

နိုင်ငံတကာ

တရုတ်ကနေ ထွက်ပြေးလာခဲ့တဲ့ ဘီလီယံနာ သူဌေးကြီး တစ်ဦးဟာ အမေရိကန်မှာ ငွေကြေးလိမ်လည်မှု စွပ်စွဲချက်တွေကြောင့် ထောင်ဒဏ် နှစ်ပေါင်း ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။