Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်လောင်းရဲစခန်းမှ ဒုတပ်ကြပ်ရဲမေတစ်ဦး KDFထံခိုလှုံ

ခိုလှုံလာသော ဒုတပ်ကြပ် ကိုယ်ပိုင်အမှတ် လ – ၂၇၂၈၁၇ မဝီတိုရီယ(ခ)သိုးကလေးသည် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို မခံနိုင်သည်မှာကြာခဲ့ပြီး ထွတ်ခွာရန် နည်းလမ်းမျိုးစုံသုံး၍ ထွက်လာရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။

KDF
KDF

ရှမ်းပြည်နယ် ပင်လောင်းရဲစခန်းမှ ဒုတပ်ကြပ်ရဲမေတစ်ဦး ခိုလှုံခွင့်တောင်းခံသောကြောင့် သွား ရောက်ခေါ်ဆောင်နိုင်ခဲ့သည်ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့က ကျွန်တော်တို့နဲ့ ချိတ်ဆက်လို့ ချက်ချင်းသွားခေါ်တယ်။ဒီနေ့ ကျွန်တော်တို့စခန်းကို ရောက်တယ်”ဟု KDF တာဝန်ရှိသူက People’s Springသို့ပြောသည်။

ခိုလှုံလာသော ဒုတပ်ကြပ် ကိုယ်ပိုင်အမှတ် လ – ၂၇၂၈၁၇ မဝီတိုရီယ(ခ)သိုးကလေးသည် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို မခံနိုင်သည်မှာကြာခဲ့ပြီး ထွတ်ခွာရန် နည်းလမ်းမျိုးစုံသုံး၍ ထွက်လာရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။

“သူ့ဆီမှာ လက်နက်တော့ပါမလာဘူး။သူကိုယ်တိုင်လည်း ယူချင်ပေမယ့် အခြေအနေမပေးဘူးဆိုတာသိရတယ်။အခုတောင် နည်းမျိုးစုံသုံးပြီး ကျွန်တော်တို့နဲ့ချိတ်ဆက် နိုင်ခဲ့တာ”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒုတပ်ကြပ် ရဲမေကို ကရင်နီဒီမိုကရက်တစ်တပ်ဦးထံမှ ပြည်သူ့ရင်ခွင်ဆီ သို့ ပို့ဆောင်လွဲပြောင်းပေးမည်ဖြစ်ပြီး ခုချိန်တွင်လည်း လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

ထိုကဲ့သို့ ဝင်ရောက်ခိုလူံလာမည့် စစ်သား နှင့်ရဲများအား လက်နက်များယူဆောင်လာနိုင်ပါက သိန်း ၃၀ဆု ချီးမြင့်မည်ဖြစ်ပြီး မယူဆောင်လာပါကလည်း စိစစ်၍ လုံခြုံအောင်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း KDFက ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

ခြေရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၁၇ ဦး၊ စစ်ကိုင်းခရိုင် အမှတ်၅တပ်ရင်းမှ ရဲဘော် ၅ ဦး၊ အမှတ်(၆)တပ်ရင်းမှ ရဲဘော် ၂ ဦး၊ မြင်းမူ ပလဖအဖွဲ့မှ ရဲဘော် ၂ ဦး စုစုပေါင်း၂၆ဦး ကျဆုံးခဲ့သည်။

သတင်း

စစ်ဆင်ရေးကို ကြောင်လက်သည်း Local pdf၊ Dynamite-2 Local pdf၊ နန်းတက်မင်း Local pdf အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ဆိုင်းတောင် ရဲစခန်းကုန်း တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအ‌နေကို မသိရှိရသေးပေ။ စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရသူသုံးဦးမှာ ဖားကန့်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါနယ်မြေရဲကင်းတိုက်ခိုက်ခံရပြီးနောက် ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)မှ စစ်ကား သုံးစီးဖြင့် လက်ပံတံခါးစခန်း ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။