Connect with us

Hi, what are you looking for?

သတင်း

ကိုယ်ထူကိုယ်ထကျောင်း အချို့ ခြိမ်းခြောက်ခြင်းခံရတယ်လို့ KNU ပြော

အာဏာရှင်ရဲ့ပညာရေးစနစ်ကို မနှစ်သက်တဲ့ ကျွဲခြံကျေးရွာက ပြည်သူလူထုတွေဟာ ကိုယ်ထူကိုယ်ထကျောင်းကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ကိုယ်ထူကိုယ်ထကျောင်း အချို့ ခြိမ်းခြောက်ခြင်းခံရတယ်လို့ KNU ပြော
ကိုယ်ထူကိုယ်ထကျောင်း အချို့ ခြိမ်းခြောက်ခြင်းခံရတယ်လို့ KNU ပြော

ကေအဲန်ယူ ကျောက်ကြီးမြို့နယ်အတွင်းမှာ ပြည်သူလူထုတည်ထောင်တဲ့ ကိုယ်ထူကိုယ်ထကျောင်းတချို့ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် တချို့ကိုယ်ထကိုယ်ထကျောင်းတွေမှာ ဖွင့်လှစ်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုကိုခံနေရကြောင်း ကေအဲန်ယူက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုတည်ထောင်တဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေဖြစ်တဲ့ လော်မူပယ်ရွာက မူလတန်းကျောင်း၊ လော်မူသောရွာနဲ့ ကော်သာစေးရွာက အလယ်တန်းကျောင်းတွေကို ဒီကနေ့ ဇွန် ၂ ရက် မနက် ၈ နာရီခွဲမှာ ကျောင်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာပါ။

ကိုယ်ထူကိုယ်ထကျောင်း အချို့ ခြိမ်းခြောက်ခြင်းခံရတယ်လို့ KNU ပြော
ကိုယ်ထူကိုယ်ထကျောင်း အချို့ ခြိမ်းခြောက်ခြင်းခံရတယ်လို့ KNU ပြော

အခုလို ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ကျောင်းသုံးပစ္စည်းကိရိယာတွေ၊ စာရေးခုံနဲ့ ထိုင်ခုံတွေ အလုံအလောက်မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာရှင်ရဲ့ပညာရေးစနစ်ကို မနှစ်သက်တဲ့ ကျွဲခြံကျေးရွာက ပြည်သူလူထုတွေဟာ ကိုယ်ထူကိုယ်ထကျောင်းကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒီကနေ့ မနက် ၈ နာရီအချိန်က စစ်ကောင်စီရဲ့ ခလရ(၆၀) တပ်က ဗိုလ်ကြီးအဆင့်ရှိတဲ့ ဇေယျာလင်းက ကျွဲခြံကျေးရွာရှိ စောမော်ဒေါင်းဟာ ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်ကောင်စီစာသင်ကျောင်းကို ဖွင့်လှစ်ဖို့ ပြောခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့စာသင်ကျောင်းကို မဖွင့်လှစ် မတက်ရောက်ပါက ကျွဲခြံကျေးရွာက ရွာသူရွာသားတွေကို မောင်းထုတ်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။