Connect with us

Hi, what are you looking for?

သတင်း

တယ်လီ​နောမြန်မာကို ATOM မြန်မာဟုအမည်​ပြောင်း

မြန်မာနိုင်ငံတွင် တယ်လီနောမြန်မာသုံးစွဲသူ ၁၈ သန်းကျော်ရှိပြီး ယင်းသည် နိုင်ငံ့လူဦးရေ၏ ၃ ပုံ ၁ ပုံဖြစ်ကြောင်းနှင့် တယ်လီနောမြန်မာကို Investcom ထံ ရောင်းချလိုက်ပါက ၁၈ သန်းကျော်သော မြန်မာပြည်သူများ၏ အချက်အလက်များက အကြမ်းဖက်စစ်ကောင်စီ လက်ထဲ ရောက်ရှိသွား မည်ဖြစ်ကြောင်း NUG ဝန်ကြီး ဦးထင်လင်းအောင်ကကန့်ကွက်ခဲ့သည်။

Telenor Myanmar
Telenor Myanmar

နော်ဝေးအစိုးရအဓိကပိုင်ဆိုင်​သောဆက်သွယ်​​ရေးကွန်ယက်ဖြစ်သည့် တယ်လီနော မြန်မာကို​မေလ ၃၀ ရက်မှစ၍ ATOM မြန်မာစတင်ပြီး အမည်ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း တယ်လီနောမြန်မာကဇွန် ၁ရက်စွဲဖြင့်ထုတ်ပြန်သည်။

ကုမ္ပဏီအမည်ပြောင်းလဲခြင်းကြောင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ်အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဘဲ သုံးစွဲသူနှင့် မိတ်ဘက်များအတွက်လည်း ပြောင်းလဲမှုမရှိကြောင်း တယ်လီနောမြန်မာကဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများကို တယ်လီနောမြန်မာအမည်ဖြင့်ဆောင်ရွက်မှုများသည် ၂၀၂၂ မေ ၃၀ ရက်တွင် အဆုံးသတ်သွားပြီဖြစ်ကြောင်းလည်း ​ဖော်ပြထားသည်။

သုံးစွဲသူ ၁၈သန်းကျော်ရှိသည်ဆို​​​သော တယ်လီနောမြန်မာကို လက်ဘနွန်အခြေစိုက် M1 Groupကို ဒေါ်လာ ၁၀၅ သန်းဖြင့်ရောင်းချမည်ဟု ၂၀၂၁ ဇူလှိုင်လတွင် တယ်လီနောကုမ္ပဏီက ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ၈ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် တယ်လီနောမြန်မာ၏ ဆက်သွယ်ရေးကွန်ယက်ကို အာဏာသိမ်းစစ်တပ်နှင့် နီးစပ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Groupတို့ ပူးပေါင်းထူထောင်ထားသည့် Investcom PTEကို ရောင်းချရန် စစ်ကောင်စီထိန်းချုပ်ထားသည့် ရင်းနှီးမြှပ်နှံမှုကော်မရှင်က ၂၀၂၂ မတ် ၁၅ ရက်တွင် အတည်ပြုပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုအမည်​ပြောင်းမှုနှင့်အတူ ပိုင်ရှင်အ​ပြောင်းအလဲဖြစ်၊မဖြစ်ကိုမူ ထုတ်ပြန်ချက်တွင်​ဖော်ပြထားခြင်းမရှိ​ပေ။

မြန်မာနိုင်ငံတွင် တယ်လီနောမြန်မာသုံးစွဲသူ ၁၈ သန်းကျော်ရှိပြီး ယင်းသည် နိုင်ငံ့လူဦးရေ၏ ၃ ပုံ ၁ ပုံဖြစ်ကြောင်းနှင့် တယ်လီနောမြန်မာကို Investcom ထံ ရောင်းချလိုက်ပါက ၁၈ သန်းကျော်သော မြန်မာပြည်သူများ၏ အချက်အလက်များက အကြမ်းဖက်စစ်ကောင်စီ လက်ထဲ ရောက်ရှိသွား မည်ဖြစ်ကြောင်း NUG ဝန်ကြီး ဦးထင်လင်းအောင်ကကန့်ကွက်ခဲ့သည်။

တယ်လီနောမြန်မာသုံးစွဲသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူများက တယ်လီနောကို အကြမ်းဖက်စစ်ကောင်စီနှင့် နီးစပ်သည့်ကုမ္ပဏီထံရောင်းချမည့်ကိစ္စကို အပြင်းအထန်ကန့် ကွက်ခဲ့ပြီး ရောင်းချမည့်အစီအစဉ်ကိုဖျက်သိမ်းရန် ​နော်​​​ဝေအစိုးရအားလက်မှတ်ရေးထိုးတောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ဆီကို သုံးစွဲသူအချက်အလက်တွေ လွှဲပြောင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နော်ဝေး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစု Telenorကို တရားစွဲဆိုဖို့ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းတွေက စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

၈၈မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ အပါအဝင် သုံးစွဲသူများ အသက်အန္တရာယ်ရှိနိုင်သည့် သတင်းအချက်အလက်များကို အာဏာသိမ်းစစ်ကောင်စီထံ ပေးပို့သည်ဟုဆိုကာ တယ်လီနောကုမ္ပဏီကို နော်ဝေရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားကြောင်း Justice For Myanmarက ထုတ်ပြန်သည်။

News

ပိုင်ရှင်သစ်ထံအလွှဲအပြောင်းဟာ တယ်လီနောရဲ့ သုံးစွဲသူတွေ ၊ ဝန်ထမ်းတွေ နဲ့ မိတ်ဖက်တွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ တယ်လီနောရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

News

နိုင်ငံအနှံ့မီးဆိုးဆိုးရွားရွားပျက်တောက်နေတဲ့ကြားထဲကနေ မတ်လ ၁၂ ရက်ကနေ မတ်လ ၁၈ ရက်အထိ လျှပ်စစ်မီးပေးတာကို အချိန်ပိုင်းလျော့ကျမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။