Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်ရှိ Mytel တာဝါတိုင်ကိုPDF များမိုင်းခွဲ

ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးလုပ်ငန်းများတွင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု CDSOM က ပြောသည်။

(စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခုတွင် Mytel တာဝါတိုင်အားPDFများကမိုင်းခွဲဖြိုလဲနေစဥ်)
(စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခုတွင် Mytel တာဝါတိုင်အားPDFများကမိုင်းခွဲဖြိုလဲနေစဥ်)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ Mytel တာဝါတိုင်ကို စစ်ကိုင်းတိုင်းအခြေစိုက် မြောင်CDSOM အဖွဲ့နှင့်ဒေသတွင်း​တော်လှန်​ရေးအဖွဲ့များက မိုင်းဖောက်ခွဲဖြိုလဲခဲ့သည်။

ဇွန်လ ၁ ရက်နေ့ ည၁၁နာရီခွဲအချိန်က ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်းတောင်ရွာရှိ Mytel တာဝါတိုင်အားမန္တလေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတင်မကဘဲ စစ်ကိုင်းတိုင်းမြောင်မြို့နယ်ရှိအဖွဲ့များပါလာရောက်ပူးပေါင်းမိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်းCDSOM အဖွဲ့ကပြောသည်။

ဆက်သွယ်ရေးအော်ပရေတာများမှအကြမ်းဖက်စစ်ကောင်စီထံသို့ စီးဝင်နေသော ဝင်ငွေကို ဖြတ်တောက်ရန်အလို့ငှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CDSOMအဖွဲ့ကပြောသည်။

Mytelတာဝါတိုင်မိုင်းခွဲခြင်းအားမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM နှင့်အတူမဟာမိတ်များဖြစ်ကြသော တပ်ရင်း ၆ တပ်ခွဲ ၁(နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ NYSGF)နှင့် ငါန်းဇွန်ဟီးရိုးNgazun’sHeros၊တပ်ခွဲ ၂၊ Ngazun Fight Stars၊မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း M2W တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးလုပ်ငန်းများတွင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု CDSOM က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook