Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ် စစ်ကောင်စီခေါင်းဆောင်အတည်ပြု၊ သေဒဏ်ကို စစ်အုပ်စုဟာ လက်နက်သဖွယ်အသုံးပြုလာနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးပြော

သေဒဏ်ချခံရသူတွေအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီးစစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ တောင်ဒဂုံ ၊မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ၊ ရွှေပြည်သာ၊ လှိုင်သာယာ ၊ မြောက်ဥက္ကလာ မြို့နယ်တွေကဖြစ်ကြပါတယ်။

ကိုဂျင်မီ
ကိုဂျင်မီ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်အတည်ပြုလိုက်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။

ကိုဂျင်မီ ၊ကိုဇေယျာ်သော်တို့အပြင် သေဒဏ်အတည်ပြုလိုက်တဲ့အခြားသော ၂ ဦးဟာ လှိုင်သာယာမှာ ကျောင်းဆရာမကိုသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်တဲ့သေဒဏ်အမိန့်ချခံရတဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ပဲဖြစ်ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက မီဒီယာကိုပြောကြားချက်အရတော့ အသနားခံစာကိုပယ်ချလိုက်ပြီး သေဒဏ်ကို လုပ်ထုံးလုပ်နည်းအတိုင်းဆက်လုပ်လို့အတည်ပြုလိုက်တာလို့ ပြောထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခုံရုံးကစီရင်တဲ့အမိန့်တွေနဲ့ပတ်သက်ပြီးထုတ်ပြန်ရာမှာ စစ်ခုံရုံးက ချမှတ်တဲ့သေဒဏ်ကို စစ်ကောင်စီခေါင်းဆောင်ကသာ ပယ်ချခွင့်ရှိတာပါ ။

ဦးဇေယျာသော်
ဦးဇေယျာသော်

ဒါအပြင် စစ်ခုံရုံးကချတဲ့ သေဒဏ်ကို စီရင်ဖို့ စစ်ကောင်စီခေါင်းဆောင်က အတည်ပြုပေးရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ကိုဂျင်မီ ၊ကိုဇေယျာသော်တို့အပါအဝင် ၄ ဦးရဲ့သေဒဏ်ကို စစ်ကောင်စီခေါင်းဆောင်ကအတည်ပြုလိုက်တယ်လို့ နားလည်ရပါတယ်။

ဒါ​ပေမယ့် ​စစ်​ကောင်စီဘက်ကဒီလိုထုတ်​ပြောတာက ​တော်လှန်​ရေးကို အာရုံ​​ပြောင်းဖို့ ၊​​ခုခံ​တော်လှန်စစ်ဆင်နွှဲ​နေသူ​တွေကို အ​ပေါ်စီးက​နေ ကစားရမလားဆိုပြီး ​သွေးတိုးစမ်းတာလို့သုံးသပ်​နေကြပါတယ်။ စစ်​ကောင်စီက အခုလိုသတင်းထုတ်ပြီး​တော့ ပြည်သူ​တွေအထိတ်တလန့်နဲ့ ကူပါ ကယ်ပါဆိုပြီး​​ကြောက်စိတ်ဝင်​အောင် ၊အာရုံ​​ပြောင်းတာလို့​တော်လှန်​ရေးသမားတစ်ဦးက​ပြောပါတယ် ။

မြန်မာနိုင်ငံမှာ သေဒဏ်ပေးခဲ့တဲ့ မှတ်တမ်းတွေအရ သေဒဏ်ကို တရားရုံးကအမိန့်ချတဲ့အချိန်ကနေ စီရင်တဲ့အချိန်အထိ အမြန်ဆုံး ၅ နှစ်ကနေ ၇ နှစ်အထိ ကြာမြင့်တက်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောထားပါတယ်။

သေဒဏ်အမိန့်ချခံရသူဟာ တရားရုံးက အမိန့်ချလိုက်ပြီး တပတ်အတွင်း သက်ဆိုင်ရာတိုင်းတရားလွှတ်တော်ကို အယူခံတက်ခွင့်ရှိကာ အဲဒီတရားလွှတ်တော်က ပယ်ချလိုက်ရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံထပ်တက်လို့ရပါသေးတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချရင်လည်း နောက်ဆုံးအနေနဲ့ သမ္မတဆီ အသနားခံစာတက်ခွင့်ရှိပါတယ်။ သမ္မတက ပယ်ချမှသာ သေဒဏ်ဟာအတည်ဖြစ်တာပါ။ ပုံမှန်အားဖြင့် ဒီလုပ်ငန်းစဉ်အားလုံးဟာ ၅ နှစ်ကနေ ၇ နှစ်အထိကြာမြင့်တာလို့ တရားလွှတ်တော်ရှေ့နေက ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၁၉၈၈ ခုနှစ်က နောက်ဆုံးပေးခဲ့တာဖြစ်ပြီး စစ်အစိုးရ လက်ထက်တလျောက်လုံးမှာလည်း တရားရုံးတွေက သေဒဏ်ချပေမယ့် ကွပ်မျက်တာမျိုး မရှိခဲ့ပါဘူး။

အခုတော့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် သေဒဏ်အမိန့်ချတာတွေအပြင် သေဒဏ်အတည်ပြုတာမျိုးတွေပါ ရှိလာတာပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့နှုန်းဟာ စိုးရိမ်ဖွယ်ရာမြင့်တက်လာပြီး သေဒဏ်ကို လက်နက်သဖွယ် စစ်အုပ်စုက အသုံးပြုလာနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(Amnesty International) က ပြီးခဲ့တဲ့ရက်ပိုင်းကတင် ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာသေဒဏ်အမိန့်ချခံရသူဟာ ဦးရေ ၁၀၀ ရာကျော်ရှိနေပါတယ်။ ဒီလိုသေဒဏ်ပေးခံရသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးပါဝင်ပါတယ်။ ဒါအပြင် ဖမ်းမမိဘဲ မျက်ကွယ်သေဒဏ်အမိန့်ချခံရသူ ၄၁ ဦးရှိနေပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာစစ်တပ်ဟာ ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေကို အရေးယူခြိမ်းခြောက်ဖို့ သေဒဏ်ကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ အတိအလင်းပြောပါတယ်။

သေဒဏ်ချခံရသူတွေအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီးစစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားတဲ့ တောင်ဒဂုံ ၊မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ၊ ရွှေပြည်သာ၊ လှိုင်သာယာ ၊ မြောက်ဥက္ကလာ မြို့နယ်တွေကဖြစ်ကြပါတယ်။

ဒီမြို့နယ်တွေထဲမှာ ဖမ်းမိတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလူငယ်တွေကို စစ်အုပ်စုဟာ စစ်ခုံရုံးနဲ့ အမှုကိုအကျဉ်းနည်းစစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်နေတာပါ။

စစ်ခုံရုံးနဲ့ စစ်ဆေးတာကို ကြုံတွေ့ခဲ့ရတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းခံလိုက်ရသူ လူလတ်ပိုင်း တစ်ဦးရဲ့ပြန်ပြောပြချက်အရ စစ်ခုံရုံးတွေမှာ တင်ပြတဲ့သက်သေတွေကို ပယ်ချတာ ၊ ခုခံချေပပိုင်ခွင့်မရတာ တွေ ရှိတယ်လို့လူထုနွေဦးက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး