Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက် တိုက်ပွဲများနှင့် မလုံခြုံမှုကြောင့် နေရပ်စွန့်ခွာရသူ ၇ သိန်းခန့်ရှိလာဟု OCHA ထုတ်ပြန်

အာဏာမသိမ်းခင်က ​နေရပ်စွန့်ခွာထွက်​ပြေး​​နေရ​သောစစ်​ရှောင်ပြည်သူ သုံးသိန်းခွဲခန့် ရှိခဲ့ပြီး အဓိကအားဖြင့် ကချင်၊ရခိုင်၊ ချင်းနှင့် ရှမ်း စ​သောပြည်နယ်များမှဖြစ်ကြောင်း လည်း OCHA က အစီရင်ခံသည်။

(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)
(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)

●​အမှန်တစ်ကယ်ရှိ​သောအ​ရေအတွက်မှာထိုထက်ပိုများ​ဟု​မြေပြင်တွင်ကူညီ​ပေး​နေ​​သောအဖွဲ့အစည်း​အချို့ပြော

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် မလုံခြုံမှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၇ သိန်းခန့်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့်ပတ်သက်သောနောက်ဆုံးထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ဖော်ပြခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် နေရပ်စွန့်ခွာရသူအရေအတွက်သည် ပထမဆုံး အကြိမ် တစ်သန်းကျော်ရှိလာသည်။

(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)
(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)

စစ်တပ်အာဏာသိမ်းမှု​နောက်ဆက်တွဲ တိုက်ပွဲများ​ကြောင့်နေရပ်စွန့်ခွာသူအရေအတွက်သည် စစ်ကိုင်းတိုင်းတွင် ၃၃၆,၆၀၀ ဖြင့် အများဆုံးဖြစ်ပြီး ကရင်နီပြည်(ကယား)တွင် တစ်သိန်းနီးပါးဖြင့် ဒုတိယအများဆုံးဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကရင်ပြည်နယ်တွင် ၈၀၀၀၀ ကျော်၊ ရှမ်းတောင်နှင့် မကွေးတို့တွင် ၅၀၀၀၀ ကျော်စီ၊ ချင်းပြည်နယ်တွင် ၃၆၀၀၀၊ မွန်ပြည်နယ်တွင် ၁၈၀၀၀ ၊တနသာ်ရီတိုင်းတွင် ၁၁၅၀၀ ၊ ပဲခူးအ​ရှေ့ပိုင်းတွင် ၃၇၀၀ ​ကျော် စသဖြင့်နေရပ်စွန့်ခွာခဲ့ရကြောင်း OCHA က အစီရင်ခံသည်။

(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)
(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)

ကရင်နီပြည်နယ်တွင် OCHA စာရင်းအရ စစ်​ရှောင်ပြည်သူတစ်သိန်းခန့်သာရှိသည်ဆို​သော်လည်းကရင်နီပြည် နယ်အတိုင်ပင်ခံကောင်စီ( KSCC) ၏ အဆိုအရ ကရင်နီပြည်နယ် တွင်(မိုးဗြဲနှင့်ဖယ်ခုံမြို့)ကို ထည့်သွင်းထားသည့် စစ်ဘေးရှောင်အရေအတွက်မှာ နှစ်သိန်းကျော်ထိရှိနေပြီး အစာငတ်မွတ်ဘေး မကြာမီကြုံတွေ့ရနိုင်သည်ဟုမကြာသေးမီရက်ပိုင်းတွင်ပြောကြားထားသည်။ အခြား​ဒေသများတွင်လည်း ​အမှန်တစ်ကယ်ရှိ​သော စစ်​ဘေး​ရှောင်ပြည်သူအ​​ရေအတွက်မှာ OCHA စာရင်းထက်ပိုများ​​ကြောင်း​မြေပြင်တွင်ကူညီ​ပေး​နေ​သောအဖွဲ့အစည်းအချို့​ပြောသည်။

(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)
(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)

အာဏာမသိမ်းခင်က ​နေရပ်စွန့်ခွာထွက်​ပြေး​​နေရ​သောစစ်​ရှောင်ပြည်သူ သုံးသိန်းခွဲခန့် ရှိခဲ့ပြီး အဓိကအားဖြင့် ကချင်၊ရခိုင်၊ ချင်းနှင့် ရှမ်း စ​သောပြည်နယ်များမှဖြစ်ကြောင်း လည်း OCHA က အစီရင်ခံသည်။

ပြီးခဲ့သည့် ဧပြီမှစ၍ ရခိုင်၊ ကချင်၊ ရှမ်းတောင်ပိုင်း၊ ကရင်တို့တွင် မိုးသက်လေပြင်းနှင့်အတူ မုတ်သုန်ရာသီ ရောက်ရှိလာပြီး ဒုက္ခသည်များနားခိုရာ ယာယီတဲများကို ပျက်စီးဆုံးရှုံးစေပြီး လူသားချင်းစာနာမှုတုံ့ပြန်ရေးနှင့် ပြင်ဆင်ကြိုးပမ်းမှုများသည် အန္တရာယ်မြင့်မားသောဒေသများ၌ ကျရောက်နေ ကြောင်း OCHA က ဆိုသည်။

(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)
(စစ်​ကောင်စီတပ်၏ အကြမ်းဖက်မှု​ကြောင့်စစ်ကိုင်းတိုင်နှင့်ကရင်ပြည်နယ်မှ စစ်​ရှောင်ပြည်သူများ)

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ထိခိုက်မှုအများဆုံးပြည်သူများထံ အရေးပေါ်အသက်ကယ်ဆယ်ရေးအထောက်အပံ့များ ဆက်လက်ပေးအပ်နေသော်လည်း သွားရောက်နိုင်ရေး စိန်ခေါ်မှုများနှင့် ရန်ပုံငွေအကန့်အသတ်များရှိနေကြောင်း OCHA ၏ အစီရင်ခံစာ၌ ဖော်ပြသည်။

ယခုနှစ် ပထမလေးလပတ်တွင် မြန်မာနိုင်ငံလူဦးရေ ၂.၆ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။