Connect with us

Hi, what are you looking for?

သတင်း

KNUဖမ်းထားသည့် ဗိုလ်ကြီးနှင့်တပ်ကြပ်ကို ပြန်လွှတ်မပေးပါက ကျေးရွာနှစ်ရွာကို ဖျက်ဆီးမည်ဟု စစ်ကောင်စီတပ်ရင်းမှူး ခြိမ်းခြောက်

ဇွန်လ ၂ရက်ကလည်း ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီစခန်းများသို့ ရိက္ခာပို့ရန်လာသောစစ်ကောင်စီ တပ်ဖွဲ့များနှင့် နယ်မြေခံ KNLAတပ်ဖွဲ့တို့ ဝီယော်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

KNU
KNU

ဝီယော်ကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံမြို့နယ်အတွင်း၌ KNUက ဖမ်းမိထားသည့် စစ်ကောင် စီတပ်ဖွဲ့ဝင် နှစ်ဦးကို ပြန်လွှတ်မပေးပါက အနီးရှိ ကျေးရွာနှစ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖြတ်ဆီးမည်ဟု ခမရ (၉)တပ်ရင်းမှူးက ခြမ်းခြောက်လာကြောင်း KNUက သတင်းထုတ်ပြန် သည်။

ဇွန်လ ၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ခမရ အမှတ် (၉) ဝီယော်စခန်းမှ ဗိုလ်ကြီးကျော်ဇင်ထက်နှင့် တပ်ကြပ်ကြီးနိုင်ဦးတို့ကို ထုံးဘိုကြီးကျေးရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် လာရောက် သတင်းထောက်လှမ်းနေစဉ် KNU၏ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

KNU
KNU

ယင်းနှင့်ပတ်သက်ပြီး ဖမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ပြန်လွှတ်မပေးပါက သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီးနှင့် ထုံးဘိုလေးကျေးရွာ နှစ်ရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟု ခမရ အမှတ်(၉) တပ်ရင်းမှူးက ရွာလူကြီးမှတစ်ဆင့် ခြိမ်းခြောက်ပြောဆိုကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဇွန်လ ၂ရက်ကလည်း ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီစခန်းများသို့ ရိက္ခာပို့ရန်လာသောစစ်ကောင်စီ တပ်ဖွဲ့များနှင့် နယ်မြေခံ KNLAတပ်ဖွဲ့တို့ ဝီယော်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

KNU
KNU

ထို့နောက် ခမရ အမှတ်(၉) စခန်းမှ ထုံးဘိုလေးနှင့် ထုံးဘိုကြီးကျေးရွာဖက်သို့ လက်နက်ကြီးအချက် (၅၀)ကျော် ဆက်တိုက်ပစ်ခတ်ခဲ့ရာ (၇၀)အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ် နှစ်လုံး ပျက်စီးကာ အိမ်မွေးဝက် တစ်ကောင်သဆေုံးခဲ့သည်ဟု ဆိုသည်။

“ဇွန်လ (၂)ရက်နေ့ကစပြီး ခမရအမှတ် (၉) ဝီယော်စခန်းမှာ လက်နက်ကြီး (၅) လတ်လောက် တစ်ပြိုင်ထဲပစ်တာ တစ်ရက်ကို အချက် (၅၀)ကျော်မယ် ဒီနေ့ ဇွန်လ (၄) ရက်နေ့ထိပဲ၊ အခုလည်း ပစ်နေတုန်းပဲ”ဟု ဒေသခံ၏ ပြောကြားချက်ကို KNUက ထုတ်ပြန်သည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာ ဒေသခံ ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook