Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နယ် ​ဟောင်းပါးစာသင်​ကျောင်းအတွင်း ယ​နေ့ည ​ပေါက်ကွဲမှုမှာ စစ်​ကောင်စီလက်ပါး​စေများ၏ လက်ချက်ဟု ​ဒေသခံများ သုံးသပ်

တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ဖားကန့်မြို့တွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်ရန်ကြိုးစားနေသလို KIAနှင့် PDFကို အကြမ်းဖက်အဖွဲ့အဖြစ် ဝါဒဖြန့်နေ သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်
ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာစာသင်ကျောင်းဝင်းအတွင်း ယနေ့ည မိုင်းဖောက်ခွဲခံရပြီး စာသင်ကျောင်းများသည် တိုက်ပွဲနယ်မြေဖြစ်လာမည်ကိုစိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

ဟောင့်ပါးအုပ်စု ဟောင်ပါးကျေးရွာစာသင်ကျောင်းဝင်းအတွင်း ယနေ့(ဇွန် ၄ ရက်) ည ၈နာရီခန့်တွင် မိုင်းပေါက် ကွဲခဲ့ခြင်း ဖြစ်သည်။

“ပေါက်ကွဲမှုက အသံကျယ်တယ်။ ညမို့အပြင် ထွက်မကြည့်ရဲဘူး။ ထိခိုက်ပျက်စီးမှုကို မသိရသေးဘူး”ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ဖားကန့်မြို့တွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်ရန်ကြိုးစားနေသလို KIAနှင့် PDFကို အကြမ်းဖက်အဖွဲ့အဖြစ် ဝါဒဖြန့်နေ သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က သတင်းမှားတွေ လိုက်ဖြန့်နေတာရှိတယ်။ ကျောင်းတွေကို PDF နဲ့ KIAက မိုင်းခွဲလိမ့်မယ်ဆိုပြီး။ အခုက အဲ့ဒီလိုအကွက် ဖန်တီးတာလို့ ကျွန်တော်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဟောင်ပါးကျေးရွာသည် စစ်ကောင်စီ၏ ​ထောက်တိုင်အကြီးစားဟု လူသိများသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ အခြေစိုက်လှုပ်ရှားရာဒေသဖြစ်၍ ယနေ့ည မိုင်းဖောက်ခွဲမှုကို ဒေသခံများက ရှမ်းနီအဖွဲ့ကိုလည်း သံသယရှိနေသည်။

“စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး မတည်မငြိမ်လုပ်တာမျိုး စစ်တပ်ရော ရှမ်းနီရော လုပ်ရဲတာ ကျွန်တော်တို့သိတယ်။ စာသင်ကျောင်းတွေက တိုက်ပွဲနေရာ ဖြစ်လာမှာစိုးတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

​ဒေသခံများက ထိုသို့မှတ်ချက်​ပေးမှုအ​ပေါ် ရှမ်းနီအဖွဲ့ထံဆက်သွယ်​မေးမြန်းရာ ဆက်သွယ်၍ မရခဲ့​ပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook